အင်တာနက်စနစ်တွင် ပြည်တွင်းပြည်ပမရှိမဖြစ် အသုံးပြုလျက် ရှိသော e-mail စနစ်များ လုံခြုံမှုရှိ စေရန်အတွက် မိမိအသုံးပြုသည့် Email အကောင့်များအား အနည်း ဆုံး တစ်လလျှင်တစ်ကြိမ် ဖြစ်နိုင် လျှင် တစ်ပတ်တစ်ကြိမ် Password များကို ပြောင်းလဲအသုံးပြုသင့် ကြောင်း Network ပညာရှင်တစ်ဦး က အကြံပြု ပြောကြားသည်။
အင်တာနက်ခေတ်တွင် လူ တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ် ခုနှင့်တစ်ခုမှအစ အစိုးရဌာနဆိုင် ရာများအထိemail စနစ်ကို တွင် ကျယ်စွာအသုံးပြုလာကြပြီး ပြည် တွင်း လူသုံးအများဆုံးemail စနစ် မှာ Googleမှ အခမဲ့ဝန်ဆောင်မှုပေး ထားသည့် gmail စနစ်ဖြစ်ကြောင်း သိရသည်။ အဆိုပါ email စနစ်များ တွင် ပြည်တွင်း၌သာမက ပြည်ပ နိုင်ငံများတွင်ပင် Password များအား ခိုးယူခြင်းများ ကြုံတွေ့ရလျက်ရှိ ကြောင်းလည်း သိရသည်။ email စနစ်မှာက Password က လုံခြုံမှုရှိတယ်ဆိုတာတောင်မှ ကြားကနေ ကြားဝင် ဖောက်ဖတ် နိုင်တဲ့နေရာတွေ အများကြီးရှိပါ တယ်။ ဒါကြောင့်မို့လည်း တရားဝင် အနေနဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူတဲ့ emailအကောင့်စနစ်ကို ပိုက်ဆံပေးပြီး ဝယ်သုံးကြတာ မျိုးတွေရှိကြတာပဲဖြစ်ပါတယ်။ အခု ပြည်တွင်းမှာ အသုံးအများဆုံးဖြစ် တဲ့ Google ရဲ့ gmail စနစ်ဆိုရင်လည်း အတော်လေး လုံခြုံမှုပိုင်းမှာ အား ကောင်းတာတွေ့ရတယ်။ ဒါပေမဲ့ ဒါကလည်း အသုံးပြုသူရဲ့ အား နည်းချက်ကြောင့် ကြားဖြတ်မေးလ် အဖောက်ခံရတာတွေ အကောင့် အခိုးခံရတာတွေဖြစ်လာတာမို့ Password ကို တစ်ပတ်တစ်ကြိမ် ပြောင်းလဲ အသုံးပြုဖို့ တိုက်တွန်းရခြင်း ဖြစ်ပါ တယ်" ဟု အထက်ပါ Network ပညာ ရှင်တစ်ဦးက ပြောသည်။
No comments:
Post a Comment