Oct 13, 2011

။မီးပုံးပျံများအကြောင်း။
         မီးပုံးပျံမှာကတော့ အထူးအထွေသိပ်မရှိပါဘူး နေ့လွှတ်အရုပ်နဲ့၊ညလွှတ်ဆိုပြီးတော့နှစ်မျိုးခွဲထားတာ
ရှိပါတယ်ပြီးတော့ ညလွှတ်ကိုမှထပ်ခွဲထားတာတွေကတော့ ညမီးကြီးနဲ့၊စိန်နားပန် ဆိုပြီးတော့ထပ်ခွဲထားပါ
သေးတယ် ဆုကြေးငွေခြင်းလည်းမတူညီပါဘူး။ဆက်ရှင်းပြပါ့မယ်မီးပုံးပျံများအကြောင်းကို မီးပုံးပျံစလွှတ်တဲ့
အချိန်ကိုကြည့်မယ်ဆိုရင်မီးပုံးပျံမလွှတ်ခင် ပွဲအတွင်းသို့စနစ်တစ်ကျခေါက်ထားသောမီးပုံးပျံကိုစနစ်တကျ
ဖြန့်ထုပ်ပြီးတော့လွှတ်တင်ရန်အတွက် တ၀ခွေ (မီးစာခွေ) ကို မှိုင်းစော်(မီးခိုးရရန်ထင်းရှုးဆီများဖြင့်စုစည်းပြီး
ပြုလုပ်ထားသောဝါးချောင်း) ကို တ၀ခွေ အတွင်းသို့ သေသေသပ်သပ်မှိုင်းသွင်းရပါတယ် ပြီးတော့မီးပုံးပျံ
အလုံးထောင်လာပြီးမှိုင်းပြည့်ပြီးအချိန်သင့်ခါမှ မီးစာ(ရေနံနှင့်ဖယောင်းတို့သုတ်လိမ်းစိမ်ကာထားသောသံ
ခိုင်ကြီး) ကိုတပ်ဆင်ထားပါတယ်ပြီးတော့မှသာလိုချင်သော အချိန်အစနှင့်ကိုက်ညီမှသာ လွှတ်တင်ခြင်းဖြစ်ပါ
တယ်။ ဟူး............မီးပုံးပျံတစ်လုံးလွှတ်ဖို့ကလည်း မလွယ်ပါလားနော်....တစ်ပြည်သူတစ်ပြည်သားတို့ရေ
......

။ညမီးကြီး။
               မီးရှုးမီးပန်းများတပ်ဆင်ပြီးတော့လွှတ်တင်ရသောမီးအမျိုးအစားဖြစ်ပါတယ်မီးပုံးပျံမှာအရုပ်ပန်ချီကားများ
ဗုဓ္ဒ၀င်စာပန်ချီများ ဘုရားပုံတော်များ နှင့် အခြားသောကနုတ်ပန်းများဖြင့်ဘောင်ကွတ်ထားသောအကွက်
များဖြင့်အလှဆင်ထားပြီး မီးကျည်ခွေ(အောက်ဆွဲ) ကိုတော့ မီးရူးအများအပြား နှင့် ခိုပျံ(အတောင်ပါသော
မီးရှုးတောင့်ငယ်) များအဓိကပါဝင်ပါတယ် အခြားသောအရာများလည်းရှိပါတယ် လောက်တွဲ(မီးပန်းလေးများ
ကျဆင်းရန်ပြုလုပ်ထားသောပြောင်းငယ်) ၊ ဂလိုက်ဒါ ၊ ငရှဉ် (တွန့်လိမ်စွာသွားသောမီးပန်းတစ်မျိုး) နှင့်
ဗုံးကတ် (မီးရှုးငယ်များစွာတပ်ဆင်ထားသောကတ်) နောက်ပြီး အများကြီးကျန်ပါသေးတယ် အကုန်ပြောနေ
ရင်လည်း စာကလိုတာထက်ပိုသွားမှာစိုးလို့ ဒီလောက်ထိပဲဖော်ပြပါရစေ။ အထက်က ပြောထားတဲ့မီးရှုးအမျိုး
အစားများကို အရောင်များနှင့် ပုံဖော်ကြပါသေးတယ် အပြာ၊အနီ၊ငွေမှင်၊အစိမ်း၊အ၀ါ၊ ဆိုပြီးတော့ အမျိုးမျိုး
အရောင်တွေကို ထည့်သွင်းထားပါတယ် အဲဒီလိုအမျိုးပေါင်းများစွာထည့်သွင်းထားတဲ့ အောက်ဆွဲကို
အခါသင့်မှသာချိတ်ပြီးတော့လွှတ်တင်ခြင်းဖြင့် ကောင်းကင်မှာလှပတဲ့ ငွေကြယ်ပွင့်များစွာနဲ့ အရောင်အမျိုး
မျိုးသော ပန်းများပွင့်နေတဲ့အတိုင်းပဲမြင်တွေ့နိုင်မှာဖြစ်ပါတယ်။(အဓိကပြေချင်တာကတော့ ညမီးကြီးတစ်လုံး
လုပ်ဖို့ဆိုရင် ယမ်းများရောစပ်မှု နေရာမှာနေသူတိုင်းအသက်အန္တရယ်ကိုသတိထားပြီးတော့လုပ်ရခြင်းဖြစ်ပါ
တယ် ဗုဒ္ဓဘုရားကိုပူဇော်ဖို့ အသက်ကိုရင်းပြီးတော့လုပ်တယ်လို့လည်းပြောနိုင်ပါတယ်အဲဒါကြောင့်အထင်
သေးစကားများပြောခြင်းဟာ...မီးပုံးပျံအကြောင်းကိုကောင်းကောင်းနားမလည်သူတို့သာဖြစ်သည်ဟုယူ
ဆလိုကြောင်းပါ)


။စိန်နားပန်။

စိန်နားပန်မီးပုံးပျံဆိုတာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ မီးပုံးများနဲ့အလှဆင်ပြီးတော့လွှတ်တင်ရတဲ့မီးပုံးပျံ
အမျိုးအစားဖြစ်ပါတယ်။ညမီးကြီးနဲ့တူတဲ့အချက်ကတော့ မီးပုံးပျံပေါ်မှာပန်းချီများရေးဆွဲပြီးမီးပုံးများနှင့်အ
နားကွပ်ပြီးတော့အလှဆင်ကြပါတယ် ထို့နောက်သူလည်းအောက်ဆွဲပါပါတယ်အချို့အောက်ဆွဲများကတော့
မိမိ၏ဂုဏ်ပုဒ်များကိုဖော်ကျူး ကြပါတယ် အချို့မှာလည်းမိမိဒေသနှင့်ပတ်သက်တဲ့စာကြောင်းများစသည်ဖြင့်
ပေါ့အမျိုးမျိုးပါပဲ  အချို့မှာလည်း လေထီးများဖြင့်ကျဆင်းစေပြီးတော့ ကောင်းကင်ကိုအလှဆင်စေပါတယ်
အချို့မှာလည်း ကြာပန်းပုံစံမီးပုံးအောက်ဆွဲ များဖြင့် လည်းကောင်း အလှဆင်ကြပါတယ်။များစွာသောမီးပုံး
များကကောင်းကင်မှာ ရွှေရောင်ပန်းခင်းကြီးပွင့်နေသလိုပဲလှပတယ်ဆိုတာတောင်ကြီးမြို့ကိုလာရောက်သာ
ကြည့်ရှု့စေလိုကြောင်းပါ။ကျွန်တော်အခုတင်ပြထားသောစာကိုဖက်ခြင်းထက် လာရောက်ကာကြည့်ရှု့ခြင်း
ကသင့်ဘ၀အတွက်အတွေ့အကြုံတစ်ခုနှင့်အမှတ်တရဖြစ်စေမှာကို အာမခံရဲပါကြောင်းပြောပါရစေ
ဝေးရပ်မြေမှ အဆွေတော်တို့ ခင်မျာ.......................................................................................

ပွဲတော်လေးလာလည်ရင်းနဲ့ပျော်ရွှင်ဖွယ်ရာများနှင့်ပြည့်စုံပြီးတော့ တစ်ရက်ပြီးတစ်ရက် ကုန်လွန်ခဲ့တာအခု
ဆိုရင် လပြည့်ကျော်တစ်ရက်လေးတောင်ရောက်ခဲ့ရော့ပေါ့ကွယ် တစ်နယ်မြေက လာခဲ့ကြတဲ့ဆွေမျိုးမိတ်သ
ဟာအပေါင်းတို့ရေ...........ပြန်ပေအုံးကွယ်....နောက်တစ်နှစ်ပေါ့။ ဧရာညီနောင်သားတို့ရေ တောင်ပေါ်မြေ
ရဲ့ရိုးသားပွင့်လင်းတဲ့စရိုက်နဲ့ရိုးရာဓလေ့တို့ကိုလေ့လာရင်းနဲ့ပြုံးပျော်ရွှင်ကြပါစေ အခြားသောနယ်သားများ
လည်း တို့ရှမ်းတောင်ပေါ်က ရှမ်းမလေးတို့ရဲ့ဖြူစင်တဲ့စိတ်ထားနဲ့ချစ်စရာကောင်းတဲ့ဖော်ရွေအပြုံးတွေကို
ငေးမောသွားစေမယ်ကွယ်....... အခုတော့ အချိန်သင့်ရောက်ပြီမို့ အိမ်ရောက်အရောက်နှင်ကြပါလေ......
နုတ်ခွန်းဆက်သပါ၏လေ....နောက်နှစ်ပေါ့လေ............................................................................


နောင်ရိုးစစ်(မောရှမ်းမြေ)

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here