Oct 9, 2011

ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းအား ဖမ်းဆီးရမိခြင်း မရှိသေး၍ အဆိုပါ အနီးပတ်ဝန်းကျင်ရှိ ချောင်းမြောင်းများတွင် သတိဖြင့် သွားလာရန် အသိပေးနှိုးဆော်ထား


728
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ငမိုးရိပ်ချောင်းအတွင်းတစ်နေရာ၌ မိကျောင်းတစ်ကောင်ကို
အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်
၂၀၁၁ခုနှစ် အောက်တိုဘာလ ၃ရက်နေ့က ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ် ငမိုးရိပ်ချောင်းအတွင်း တစ်နေရာ၌ မိကျောင်းတစ်ကောင် တွေ့ရှိသောကြောင့် သက်ဆိုင်ရာ ဖမ်းဆီးရေးအဖွဲ့များ လိုက်လံ ရှာဖွေနေကြောင်း၊ အဆိုပါမိကျောင်း မှာ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေး၍ အဆိုပါအနီး ပတ်ဝန်းကျင်ရှိ ချောင်းမြောင်းများအတွင်း သတိဖြင့် သွားလာရန် အသိပေး နှိုးဆော်မှုများအား ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
အဆိုပါ မိကျောင်းသည် အောက်တိုဘာလ ၃ ရက်နေ့က ဒဂုံ မြို့သစ်တောင်ပိုင်း၊ (၂၃)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ မေယုလမ်းရှိ  မေယု ရေထွက်ကုန်ပစ္စည်းများ ကုမ္ပဏီလီမိတက်၏ အနောက်ဘက်ချောင်းကမ်း နားငါးသင်္ဘောဆိုက်ကပ်သည့်နေရာ အနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းသို့ ဖမ်းဆီးရန် အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာက လာရောက်ဖမ်းဆီး ခဲ့သော်လည်း အောက်တိုဘာလ ၇ ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။
“ငမိုးရိပ်ချောင်းထဲမှာ မိကျောင်း လွတ်နေတဲ့အတွက်ကြောင့် အဲဒီ အနီးနား ပတ်ဝန်းကျင်ချောင်းမြောင်း တွေ၊ ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်နေတဲ့ ရပ်ကွက်နေရာတွေမှာ ရေထဲဆင်းတဲ့ အခါ သတိနဲ့ဆင်းဖို့ သက်ဆိုင်ရာက နေ နှိုးဆော်မှုတွေ လုပ်နေပါတယ်။  ချောင်းထဲသွားလာနေတဲ့ ရေယာဉ် တွေရှိနိုင်တယ်။ ကလေးတွေလည်း ရေဆင်းကူးနိုင်တာတွေ ရှိနိုင်တယ်။ ပြီးတော့ ငါးရှာတဲ့သူတွေလည်း ရှိနိုင်တယ်လေ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
မေယုရေထွက်ကုန် ပစ္စည်းများ ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူတစ်ဦးက” မိကျောင်းစတွေ့တဲ့ နေ့ ကတည်းကစပြီး သက်ဆိုင်ရာက ဖမ်းဆီးမှုတွေ၊ စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ လူတွေအများကြီးနဲ့ စောင့်ဖမ်းလို့လား မသိဘူး။ မိကျောင်းက ကျွန်တော်တို့စက်ရုံနားကို ပြန်မလာတော့ဘူး။ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျွန်တော် တို့စက်ရုံနားမှာ မိကျောင်းလုံးဝ မတွေ့ရတော့ဘူး။ ဒါပေမဲ့ စက်ရုံက အဖွဲ့တွေကိုတော့ စောင့်ကြည့်ခိုင်း ထားပါတယ်။ ကျွန်တော်တို့ စက်ရုံ က အမြင့်ပိုင်းမှာဆိုတော့  မိကျောင်း ရန်ကိုကြောက်စရာမလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့စက်ရုံနားမှာ ရွာတွေ ရှိတော့ အဲဒီအတွက် စိုးရိမ်တယ်”ဟု ပြောကြားခဲ့သည်။
ယင်းမိကျောင်းမှာ စက်တင်ဘာ လကုန်ပိုင်း မိုးရွာသွန်းမှု များပြားသည့်ရက်များက သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ လွတ်မြောက်လာသော မိကျောင်းဖြစ် နိုင်သည်ဟုလည်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ ခန့်မှန်းထားကြပြီး မိကျောင်းမှာ ပေ ၈ ပေ ကျော် ခန့်ရှည်လျားကြောင်း သိရှိရ သည်။

eleven journal 

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here