Oct 11, 2011

ပအိုဝ်လူမျိုးတို့ရဲ့ချစ်စရာဓလေ့

 ====================ဟိုပုံး ထမ်ဆမ်း ဂူအ၀င်နှင့်ပအိုဝ်တိုင်းရင်းသားများ=================



ယခုဆိုရင်ပဲသီတင်းကျွတ်ပွဲတော်ကိုရောက်လုဆဲဆဲမဟုတ်ပဲတင်းတင်းကိုရောက်ခဲ့ပါပြီကျွန်တော်တို့တောင်
ကြီးမြို့သူမြို့သားများနှင့်တစ်ကွရှမ်းပြည်နယ်ရဲ့အနယ်နယ်အရပ်ရပ်မှာရှိတဲ့တိုင်းရင်းသားတို့ရဲ့ဓလေ့တစ်မျိုး
ဖြစ်တဲ့လပြည့်၊လကွယ်ဥပုတ်စောင့်ထိန်းခြင်းနဲ့အလှူအတန်းများလုပ်ကိုင်ခြင်းကိုရောက်ဖူးသူတိုင်းအသိပါ
အထူးပြောပြနေစရာလည်းလိုမယ်လို့မထင်ပါဘူး။ဘုန်းကြီးကျောင်း၊စေတီပုထိုးနဲ့ဘုရားတိုင်းလိုလိုလပြည့်၊
လကွယ်နေ့များမှာဆိုရင်လူတွေစည်းကားသိုက်မြိုက်စွာရှိနေတက်ကြပါတယ်။တရားဘာဝနာပွားများကြရင်း
နဲ့ကုသိုလ်ယူတက်ကြတဲ့ချယ်ရီမြေရဲ့ချစ်စရာဓလေ့ကတော့ထူးခြားစွာရှိနေပါတယ် အဲဒါလေးကိုပဲမြတ်နိုးမိ
ပါတယ်။ ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ကြီးမြို့၊ဟိုပုံးမြို့နယ်အကျော်က ထမ်ဆမ်းဂူ မှာကုသိုလ်ယူသွား
ကြတဲ့ပအိုဝ်အမျိုးသားအမျိုးသမီးတွေပုံအထက်မှာတင်ပြထားပါတယ်။ ပအိုဝ်လူမျိုးတို့ရဲ့ချစ်စရာကောင်း
တဲ့ဓလေ့က လပြည့်လကွယ်ဘုန်းကြီးကျောင်းတက်ကြတယ် ရှေးရိုးသမစဉ်လိုဖြစ်လို့အမြဲပတ်တက်တယ်
ရှိတာလေးနဲ့တင်တယ်အောင်လုပ်ပြီးတော့ လှူဒါန်းမှုတို့လုပ်ကြတာတကယ်ကိုလေးစားလောက်တယ်ဗျာ
ကိုယ့်နယ်မြေကမို့ကိုယ်ကြွားပြောရာလည်းကျနေမှာစိုးရတယ်ဗျ။ လာကြည့်လိုက်တာအဆင်ပြေဆုံးလို့
ထင်ပါတယ်ဗျာ။အလည်အပတ်ရောက်ရင်လေ့လာကြည့်ကြပါ။နောက်ပြီးပအိုဝ်လူမျိုးတွေဟာအလှူအတန်း
လုပ်ပြီိဆိုရင် ၀ိုင်းဝန်းပြီးကူညီတက်တာပါပဲ အဲဒါကိုတော့ဟိုပုံးကိုရင်လေးကျောင်းမှာလုပ်တဲ့အလှူဒါနပုံတွေ
ကိုကြည့်မှပိုပြီးတော့သိသာထင်ရှားစေမယ်ဗျ။ခုတော့ ဒီလောက်နဲ့ပဲကျေနပ်ပါအုံးတော့။

တစ်ခါတစ်ခေါက်လာရောက်ခဲ့စေချင် တို့ရှမ်းပြည်တစ်ခွင်

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here