Oct 10, 2011

အမေရိကန်ဒေါ်လာ ၃၅၀၀ ထက် ပိုသောကားများ တင်သွင်းလာပါက ဒဏ်ကြေးငွေ သုံးဆကောက်ခံမည့် ညွှန်ကြားစာမှာ အတုသာဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူပြောကြား

ကားဈေးကွက်အတွင်း ဖြန့်ဝေထားသည့် အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်ပိုသော ကားများ တင်သွင်းလာပါက ဒဏ်ကြေးငွေသုံးဆ ကောက်ခံမည့် ညွှန်ကြားစာမှာ အတုသာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော် က ပြောကြားခဲ့သည်။
အဆိုပါ ဒဏ်ကြေးသုံးဆ ကောက်ခံမည့် စာနှင့်ပတ်သက်၍လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဥပဒေဆိုင်ရာ၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းများ ဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆက်လက် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောကြားခဲ့သည်။
“ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ စီးပွား/ကူးသန်း ၀န်ကြီးဌာနအနေနဲ့ ရုံးတွင်းစာလို ညွှန်ကြားစာက အတု ဖြစ်ပါတယ်။ အဲဒီအတွက် ဥပဒေ အဖွဲ့အစည်း၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖော်ထုတ်စုံစမ်း အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ညွှန်ကြားစာတွင် နိုင်ငံတော် အမှတ်တံဆိပ်မှ စကာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စားရုံး အဖွဲ့မှူး တိုးအောင်မြင့်မှ လက်မှတ်ရေးထိုးထားသည့် ပုံစံဖြင့်ထွက်ပေါ် လာခြင်းဖြစ်သည်။
ယခင်ကလည်း အများပြည်သူသို့ အသိမပေးရသေးသည့် ရုံးတွင်းစာများမှာ ယခုကဲ့သို့ပင်ထွက် ပေါ်လာလေ့ရှိသည့် အတွက် အဆိုပါ စာဖြန့်ဝေစဉ် အချိန်အတွင်း စာလက်ခံရရှိသူများမှာ ယခင်ကကဲ့သို့ပင် ထင်မှတ်ကာ ယုံကြည်မိခဲ့သည်ဟု ကားဝယ်ရောင်းများကလည်းပြော ကြားခဲ့သည်။
“အများပြည်သူ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တာဝန်ရှိသူတွေ အနေနဲ့ သတင်းမီဒီယာတွေက တစ်ဆင့်တရားဝင် ထုတ်ပြန်ပေးမယ်ဆိုရင် အခုလိုမျိုးကိစ္စတွေဖြစ်မှာ မဟုတ်ပါဘူး”ဟု Weekly Eleven News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here