Showing posts with label Traditional. Show all posts
Showing posts with label Traditional. Show all posts

Oct 13, 2011

ရှမ်းစက္ကူပြုလုပ်နည်း

တောင်ကြီးလို့ ပြောလိုက်ရင် မီးပုံးပျံကိုပါ ပြေးမြင်ကြပါလိမ့်မယ်။ ဒီမြန်မာမှာတင်မဟုတ်ဘူး ကမ္ဘာမှာပါ ကျော်ကြားတဲ့ ဓလေ့ထုံးစံတခုပါ။ အခု အဲဒီမီးပုံးပျံကိုလုပ်တဲ့ ရှမ်းစက္ကူအကြောင်းလေး ပြောပြပါ့မယ်။ ဗဟုသုတပေါ့။ မသိသေးတဲ့ သူတွေလည်း သိရတယ်။ နမ့်ခုံးမီဒီယာ လမ်းညွှန်စာအုပ်မှာတွေ့လို့ ဗဟုသုတအနေနဲ့ အင်တာနက် စာမျက်နှာပေါ် တင်လိုက်တာပါ။

စက္ကူလျှော်ပင်မှ အခေါက်ကို မတ်၊ ဧပြီတို့မှာ ခွာယူရပါတယ်။ခွာယူပြီး သစ်ခေါက်များကို နေရောင်ဖြင့် အခြောက်လှန်းရတယ်။ အခြောက်ခံပြီးတဲ့ သစ်ခေါက်တွေကို ထင်းမီးပြာနဲ့ ရောနှောပြိး ၆ နာရီကြာအောင် ပြုတ်ရပါတယ်။ ပြုတ်ပြီးပျော့ဖတ်များကိုတော့ ပြာများစင်အောင် ရေနဲ့ အထပ်ထပ်ဆေးပေးရပါတယ်။ ရေဆေးပြီးတဲ့ပျော့ဖတ်တွေကို လက်တစ်ဆုပ်စာ အလုံးလေးများဖြစ်အောင် လုံးယူရပါတယ်။ လုံးထားတဲ့ ပျော့ဖတ်များကို သစ်သားပြုတ်တူနဲ့ မိနစ် ၂၀ ခန့် ထုရပါတယ်။ ထိုလက်တဆုပ်စာ ပျော့ဖတ်လုံးတစ်လုံးဟာ သုံးပေပတ်လည် စက္ကူတစ်ချပ်စာဖြစ်ပြီး ၀ါးဖြင့်ပြုလုပ်ထားသော စကာ (ရိုးရာအခေါ် ထင်) ဖြင့် ရေထဲမှာ် ဖြန့်ရပါတယ်။ ဖြန့်တဲ့အချိန် ပန်းပွင့်ပုံများ ပေါ်အောင်စက္ကူပန်းများ ထည့်နိုင်ပါတယ်။ ဖြန့်ပြီးသွားလျှင် တော့ ရေများစင်အောင် စစ်ယူရပါသေးတယ်။ ရေစစ်ပြီးတဲ့ (ထင်) ထဲမှ ပျော့ဖတ်များကို ၂ နာရီကြာအောင် နေရောင်ဖြင့် အခြောက်ခံပြီးလျှင်တော့ စက္ကူကိုရှိပါပြီ။

စက္ကူ နှစ်မျိုး ပြုလုပ်နိုင်ပါတယ်။ ပြောင်စက္ကူ၊ ပန်းသစ်ရွက်နှင့်ပြုလုပ်သော ပန်းစက္ကူဖြစ်ပါတယ်။ ၎င်းစက္ကူများမှ ရိုးရာထီး၊ မီးပုံးပျံ၊ စာအုပ်၊ ယပ်တောင်၊ လက်ကိုင်အိတ်နှင့် ရှမ်းပုရပိုက်များ စသည်တို့ကို ထုတ်လုပ် ရယူနိုင်ပါတယ်။




ရုပ်ပုံများကို တောင်ကြီးချယ်ရီမြေ နှင့် နမ့်ခုံးမီဒီယာ လမ်းညွှန်စာအုပ်မှ ရယူထားပါသည်

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here