Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Dec 21, 2011

အွန်လိုင်းကြားကသံယောဇဉ်




ရုပ်လည်းမမြင် အသံလည်းမကြား
နှစ်ကိုယ်ကြားစကားနဲ့ ရင်ခုန်
မျက်လုံးတွေစုံမှိတ်
ရင်တွေလည်းအစုံလိုက်ဖွင့်ကာချစ်ခဲ့တယ်
ကောင်မလေးရယ်.......
ငါရင်တွေမောရင်း
ကြွေခဲ့တဲ့အနမ်းတွေ
စိတ်ကူးတွေထဲမှာပဲ ပျော်နေတာ
သူလေးကခြေဖျားလေးထောက်ရင်းပေါ့.
....
တောင်ကြီးရဲ့ ဆောင်းတွင်းက
ချမ်းလို့လား.....ရင်ခွင်နွေးစေဖို့ ရယ်
ခိုဝင်တိုးဖို့ အားကိုးရှာလည်း
သူနဲ့ က ရေမြေတွေခြား
ကီဘုတ်ပေါ်ကမျက်ရည်စကားနဲ့
ချစ်ကြိုးတွေဖွဲ့ လို့
ဟိုအရင်တိတ်ကိုလွမ်းဆွတ်ကာဖျားတယ်
ချစ်ရသူရယ်...........
ဘာတွေတွေးနေမလဲ
ဘယ်လိုတွေဆွေးနေမလဲ
ပူပန်နဲ့ အတွေးနဲ့ လွမ်းနေမိတော့
မျက်ရည်မိုးနဲ့ ရက်တွေသာတိုး
သီချင်းလေးထဲက အတိုင်းပေါံ့.....
ရိုးမြေကျပေါင်းခွင့်မရခဲ့တောင်
ရိုးမြေကျချစ်ချင်တာက
ရင်ဝှက်စကား.......သူငိုမှာလား
မငိုပါနဲ့ ချစ်သူ မင်းမငိုပါနဲ့
ချစ်လျက်နဲ့ ဝေးတော့
အတိတ်က အကြောင်းလေး
ပြန်ပြန်တွေး ကာမျောနေခဲ့တာ
နေ့ရက်တွေတိုင်းမှာ
ရင်ခွင်တံတိုင်းက
အနမ်းပန်းလေး ပွင့်တယ်
ချစ်ရသူရယ်............
ပြန်လာခဲ့ပါတော့ ကွာ
ငါထင်မြင်သလိုသာနီးဖို့
ရင်ခွင်ကြွေကာဆွေးလို့ လေ.......
အခုတော့ကွာ ဖြေမဆည်နိုင်တဲ့
ချက်တင်ဆိုင်လေးထဲမှာ
ငါ့မျက်ရည်တွေ အဖော်မဲ့နေတုန်းပါပဲ
ချစ်သူလေးရယ်..................

နောင်ရိုးစစ်

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here