Dec 4, 2011

Hack With Angry IP scanner 3.0 Beta..........


          လာပါပြီခင်ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံက Hack ချင်လှပါပြီရဲ့ ဆိုတယ့် ကိုကို Hackerပေါက်စများအတွက် လက်ဆောင် အဖြစ် Hacking Tool လေးတစ်ခု လက်ဆောင်ပေးချင်လို့ပါ။ Angry IP Scanner လို့ခေါ်ပါတယ်။ သူက အင်တာနက်ပေါ်မှာ ရှိတယ့် ကွန်ပျူတာတွေရဲ့ IP Address တွေကို Scan လုပ်ပေးနိုင်တယ့် အပြင် သူ့ Hostname တို့ Ports တို့ကိုပါအားလုံး တိတိကျကျ သိရအောင် စွမ်းဆောင်ပေးနိုင်ပါတယ် ဘယ်လိုသုံးရလည်း ဆိုတာတော့ မပြောပြတော့ဘူးနော် ကိုယ့်ဟာကိုယ်ပဲ စမ်းကြည့်လိုက်တော့ တော်ကြာ မီးလောင်ရာလေပင့် ရုံမကပဲ ဓါတ်ဆီပါ လိုက်လောင်းပေးနေတယ် ပြောခံရမှာဆိုးလို့။ ဟီးဟီး လဝန်းညိုက ကြောက်တတ်ပါတယ်။
          ဒီ Post လေးကိုတင်ရတာကလည်း သူများနိုင်ငံတွေမှာ တစ်ကယ် ငါသနာပါတယ့်သူတွေက အသက် ဆယ့်ငါးဆယ့်ခြောက်နဲ့ Hacking ဆိုတာ ဘာလည်း ဘယ်လို Hack လည်းဆိုတာကို နောကျေနေပြီး Video Tutorial တွေ Hacking Ebook တွေတစ်ခုပြီးတစ်ခု လုပ်နေ ရေးနေတယ့် အချိန်မှာ ကျွန်တော်တို့ မြန်မာလူငယ်တွေကြားမှာ Hacking ဆိုတာ ပါးစပ်အရသာခံစရာ ပညာရပ် တစ်ခုအနေနဲ့ပဲ ဖြစ်တည်နေတာ အရမ်းဝမ်းနည်းစရာကောင်းတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ (တစ်ကယ့်ကိုကျွမ်းကျင်နေတယ့် Myanmar Hacker ကြီးများကို မဆိုလိုပါ..... ) ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက Hacking ပညာရပ်ကို စိတ်ဝင်စားတယ့် မြန်မာလူငယ်များအတွက် Hacking Tool လေးတွေ Hacking နဲ့ပက်သက်တယ့် E-book လေးတွေ ဖြစ်နိုင်ရင် Hacking Video Tutorial လေးတွေကို ကျွန်တော် ရနိုင်သမျှ စုစည်းပြီး တင်ပေးဖို့ ဆန္ဒ ရှိပါတယ်။ ဒီဟာကလည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေချင်တယ့် ဆန္ဒ မပါဝင်ပါဘူး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာလောက တိုးတက်ဖွံဖြိုးရေးအတွက် ကျွန်တော် တတ်နိုင်တယ့် ဖက်ကနေ ပါဝင်သွားမှာဖြစ်တယ့် အကြောင်းကို ကြိုတင်အသိပေးထားပါရစေ ခင်ဗျာ။
          ဒီလို Hacking နည်းပညာတွေနဲ့ Hacking Tool လေးတွေကို မျှဝေသွားပေးမယ် ဆိုတယ့်အပေါ်မှာ ကျွန်တော့်ကို ဝေဖန် အကြံပေးလိုပါကလည်း Comment ပေးပြီးတော့ပဲဖြစ်ဖြစ် Email ပို့ပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ဆွေးနွေးနိုင်ပါတယ်။  အဲဒီအကြံပေးချက်တွေအပေါ် မူတည်ပြီးတော့ ဒီကိစ္စကို ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ Hacking ကိုတစ်ကယ်စိတ်ဝင်စားတယ့် ညီအစ်ကို များကလည်း ဘယ်အပိုင်းကိုစိတ်ဝင်စားတယ် ဆိုတာကို ဒီ Post လေးပေါ်မှာ Comment လေးတွေပေးခဲ့ကြပါ။ Comment တွေအပေါ်မူတည်ပြီး လိုအပ်မယ့် လက်နက်ကရိယာတွေကို ရှာဖွေစုဆောင်း ရမှာဖြစ်တယ့်အတွက် ကြောင့်ပါ။
          ပြောနေရင်းနဲ့ Post လည်းအတော်ရှည်သွားပါပြီ ဒီအထိရောက်အောင်သည်းခံဖတ်ပေးတယ့် အတွက် အထူးပဲကျေးဇူးတင်ရှိ ပါတယ်။ ဒါပေမယ့် အားလုံးကိုအသိပေးထားပါရစေ လဝန်းညို ဆိုတယ့်သူက ဘာ Hacker ကြီးမှ မဟုတ်ပါ။ တစ်ကယ်စိတ်ဝင်စားပြီး သိချင်တတ်ချင်တယ့် ကိုယ့်မြန်မာနိုင်ငံသား ညီအစ်ကိုများအတွက် ပညာပါရမီ ဖြည့်ချင်ရုံသက်သက်ဖြစ်ပါတယ်။ ကဲကဲ ဆက်ပြောနေရင် ပြီးတော့မှာမဟုတ်ဘူး လိုရင်းကိုပဲဆက်လိုက်ရအောင် အပေါ်က Angry IP Scanner လေးကိုလိုချင်တယ် ဆိုရင်တော့.....
     Download Link <-- ဒီမှာဒေါင်းသွားလိုက်ကြပါ။


(လဝန်းညို)

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here