Oct 11, 2011

နေ့လွှတ်အရုပ်မီးပုံးပျံအကြောင်း

တောင်ကြီးတန်ဆောင်တိုင် ပွဲမှာကတော့လူတိုင်းသိပြီးသားဖြစ်တဲ့ နေ့လွှတ်ရယ် ညလွှတ်ရယ်ဆိုပြီးနှစ်မျိုး
နှစ်စာခွဲခြားထားပါတယ် နေ့လွတ်ကတော့ အရုပ် ၊ ည ကတော့ ညမီးကြီးလို့ခေါ်တဲ့ မီးပုံးပျံအမျိုးအစားတွေ
ဖြစ်ပါတယ်။ နေ့လွှတ်မှာလည်း လွှတ်တင်မှုအပိုင်းကို ထပ်ပြီးတော့ခွဲခြားထားပါသေးတယ် ခြေလေးချောင်း
ခြေနှစ်ချောင်း စသည်ဖြင့်ပေါ့ဗျာ ၊နောက်တစ်ခုက မိသားစုလွှတ်တင်မှုစတဲ့ဟာတွေပေါ့ မိသားစုဆိုတာက
တော့ (ဥပမာ-ဖားသုံးကောင်၊လေးကောင်၊ ) စသည်ဖြင့်ပေါ့ တစ်ခြားအရုပ်များလည်း မိသားစုလိုက်လွှတ်
တင်တာမျိုးလည်းရှိပါတယ် အကောင်းအမျိုးမျိုးပေါ့ဗျာ နေ့လွှတ်ကို အရင်တုန်းက လွှတ်တင်ကြတာတော့
ရေဘားစက္ကူ နဲ့ပြုလုပ်ကြတာများပြီး အခုနောက်ပိုင်းမှာတော့ရှမ်းစက္ကူနဲ့ပြုလုပ်လာတာလည်းရှိပါတယ်
ရှမ်းစက္ကူနဲ့ပြုလုပ်တဲ့ အရုပ်တွေကတော့တော်တော်များများ အရုပ်ကိုကြီးကြီးပြုလုပ်ပြီးလွှတ်တင်ကြတာ
တွေ့ရပါတယ်။ ဆုပေးတဲ့ စနစ်ကိုတော့အသေးစိတ်မသိလို့ သိသလောက်ပဲပြောပြပါ့မယ် ။နေ့လွှတ်ရုပ်မှာ
ပထမဆုံး (အောက်ဒိုင်ဆိုတာရှိပါတယ် ) ကွင်းထဲဆင်းပြီးအဖွဲ့တွေရဲ့ကြားမှာအမှတ်ပေးနေတဲ့ဒိုင်ပေါ့သူတို့
ကတော့ အဖွဲ့သားများစည်းလုံးညီညွှတ်မှု နောက်ပြီးတော့အရုပ်အချိုးအစားကျနမှုတွေစသည်ဖြင့်ပေါ့ဗျာ။
 (အပေါ်ဒိုင်) အပေါ်ဒိုင်ဆိုတာကတော့အမြင့်တစ်နေရာကနေကြည့်ရှုပြီးမြင့်တက်မှုအောင်မြင်စွာလွှတ်တင်
နိုင်မှုစတဲ့အပိုင်းတွေကို သေချာစွာအမှတ်ပေးတဲ့ဒိုင်တွေပေါ့။နေ့လွှတ်အရုပ်မှာမီးပုံပျံတော်တော်များများ
က တ၀ခွေ(မီးပုံးပျံမီးခိုးမှိုင်းသွင်းရာအပေါက်) မှာမီးစာတစ်ခု တ၀ခွေ တစ်ခုပဲတပ်ပြီးလွှတ်တင်ကြတာများပါ
တယ်။ တစ်နှစ်တစ်လေ ထူးထူးဆန်းဆန်းတွေ့မိတာက မီးပုံးပျံတစ်လုံးတည်း တ၀ခွေ သုံးခွေ ၊ လေခွေ ၊
စပြီးပါလာတာကိုတွေ့ ရပါတယ် ဒါကတော့အနည်းအကျဉ်းပေါ့ နှစ်တိုင်းတော့ပါလေ့မရှိပါဘူး ။ အရုပ်တွေ
ကတော့ များသောအားဖြင့်လူအနည်းငယ်နဲ့လွှတ်တင်လို့အဆင်ပြေပါတယ်။အရုပ်တစ်ရုပ်ပြုလုပ်ဖို့
အတွက်ကုန်ကျငွေက အများကြီးမရှိပါဘူး နှစ်သာင်းသုံးသောင်း ပတ်ဝန်းကျင်လောက်ဆိုရင် ပြုလုပ်ပြီးပြိုင်
ပွဲခွင့်လျှောက်လို့ရပါတယ်။ ကဲ ဒါဆို စာဖတ်ပရိတ်သတ်လည်း အရုပ်တစ်ရုပ်လောက်လုပ်ပြီးစမ်းမပြိုင်ချင်
ဘူးလားဗျာ။အချိုးကျချိုးတက်ဖို့ကတော့ လိုတယ်နော် ဒါလေးတစ်ခုပါပဲ နောက်ပြီးတော့ပန်ချီလိုတယ်ကဲ
ဘယ်လိုလဲ ပြိုင်ကြမလား ...။ နေ့လွှတ်ရုပ်တစ်လုံးပြုလုပ်ပြီးပြိုင်ပွဲဝင်နိုင်ကာပျော်ရွှင်နိုင်ကြပါစေ.........
မီးပုံးပျံလွှတ်တင်ခြင်းရဲ့ခံစားမှုကိုလက်တွေ့ခံစားချင်သူတွေ အတွက် ရယ်နောက်ပြီးတော့ နေ့လွှတ်ရုပ်
အကြောင်းလေးကိုပြောပြတာလည်း နည်းနည်းရှည်သွားပြီဗျာ...နားကြအုံးစို့....။


ညမီးကြီးအကြောင်းတင်ဖို့ကျန်သေးတယ် ချန်ထားအုံးမှ :P

No comments:

Post a Comment

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here