Sep 22, 2011

2011 ခုနှစ်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်

2011

ခုနှစ်ကျွန်ုပ်တို့ရှမ်းပြည်နယ်တောင်ကြီးမြို့တောင်ပိုင်း
ညောင်ရွှေမြို့နယ်အင်းလေးဒေသတွင်နှစ်စဉ်ကျင်းပမြဲ
ဖြစ်သော အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို
စက်တင်ဘာ28 ရက်နေ့မှအောက်တိုဘာ 15 ရက်နေ့
အထိကျင်းပမည်ဖြစ်ကြောင်းနှင့် အင်းလေးကန်တော်
ရဲ့အရှေ့၊အနောက်၊တောင်၊မြောက်စတဲ့အရပ်တွေမှာ
ရှိတဲ့ကျေးရွာ 21 ရွာသို့အစဉ်လိုက်အပူဇော်ခံမည်ဖြစ်
သည်။အ၀င်အထွက်ကျဉ်းမြောင်းသောကျေးရွာများကို

လာသောလှေ တစ်စင်းကို အယောက် 40 ကနေအယောက် 100 ကျော်အထိအင်းသားများပါဝင်ပြီး
ရိုးရာလှော်ခတ်နည်းဖြင့်ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်းပြုလုပ်ကြမည်ဖြစ်သည်။
ဆွဲလှေ အနည်းဆုံး 30 ကနေ 80 ကြားကရ၀ိတ်ဖောင်တော်ကိုဆွဲကြမည်ဖြစ်သည်။
နောက်မှ ဆွမ်းတော်လှေ၊စည်တော်လှေ၊လှေတော်ယိမ်းအလှအဖွဲ့၊၀တ်ရွတ်အဖွဲ့၊ဓမ္မစင်္ကြာအဖွဲ့လှေများတို့
နှင့်လိုက်ပါပို့ဆောင်ကြမည်။ထို့ကြောင့်တောင်ကြီးမြို့အင်းလေးဒေသရဲ့ ဘုရားပွဲတော်မှာ အင်းသူအင်းသား
များရဲ့ချစ်ဖွယ်သောရိုးရာဓလေ့နဲ့အလှူအတန်းရက်ရောမှုကိုမျက်ဝါထင်ထင်တွေ့စေနိုင်လို့တစ်ခါတစ်ခေါက်
လာရောက်လို့ ပျော်ကြည့်လှည့်ပါ ကျွန်တော်တို့ တောင်ကြီးမြို့ရဲ့ နောင်အင်းလေးပွဲ။

နောင်ရိုးစစ် (မောရှမ်းမြေ)

No comments:

Post a Comment

Labels

Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here