ယခုဆိုလျှင် ၉ လပိုင်းတင်းတင်းပြည့်ပြီးပြီမို့၁၀လပိုင်း၁၁လပိုင်း ဘယ်လောက်မှမလိုတော့ပါဘူး
ချမ်းစိမ့်စိမ့်နဲ့ နှင်းရိပ်တို့ခပ်ကွဲကွဲကျဆင်းနေပါပြီ။ ၁၁လပိုင်းဆိုရင်ဖြင့်ကျွန်တော်တို့
တောင်ကြီးမြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကိုရောက်ရှိမှာဖြစ်ပါ
တယ်။အရင်နှစ်များလိုပဲ နှင်းတောထဲမှာမီးရောင်စုံဖြာလင်းနေတဲ့ကောင်းကင်ကိုမြင်ယောင်ကြည့်ပါစို့။
ဘယ်လောက်ပျော်ရွှင်ကြည်နူးဝမ်းမြောက်ဖို့ကောင်းလိုက်သလဲ။ပွဲတော်ကိုလာရောက်လည်ပတ်ကြတဲ့
နိုင်ငံခြားတိုင်းတစ်ပါးသားတို့အပါအ၀င်မြန်မာပြည်ရဲ့အနယ်အနယ်အရပ်ရပ်မှညီအစ်ကိုရောင်း
ရင်းများလည်းလည်းလာရောက်လှည့်ပတ်ကြည့်ရှုလှည့်ပါလို့ကမ်းဆင့်ကာလှမ်းလင့်လို့
ကြိုဆိုပါတယ်။မီးပုံးပျံများကိုလွှတ်တင်ခြင်းဟာ တောင်ကြီးမြို့ရဲ့ ဂုဏ်ကျက်သရေဆောင် နာမည်ကြီးမီးပုံပျံများနှင့်တစ်ကွ စတိတ်ခ်ျရှိုး၊ပျော်ပွဲရွှင်ပွဲများလည်းပါဝင်ပါကြောင်းနှင့်
မရောက်ဖူးသေးသောညီအစ်ကိုမောင်နှများလည်း တောင်ကြီးမြို့ရဲ့ယဉ်ကျေးမှုနဲ့အတူ တောင်ပေါ်သား (ရှမ်း၊ပအိုဝ်၊တောင်ရိုး၊ဓနု)တို့ရဲ့ဖြူစင်သောစိတ်ထားနဲ့အလှူအတန်းကိုကိုမြင်စေမှာဖြစ်သလို။ စကားသံခပ်ဝဲ၀ဲ တို့အနွယ်ထဲမှာအိုးစည်သံ ဗေဗေထုံး ကိုကြားရောင်
လို့ဖြင့် အိမ်အပြန်လမ်းမှာ ရှမ်းပဲပုတ်စားဖူးခဲ့ရင်ဖြင့် တသလွမ်းဆွတ်မိစေပါမည်။
နောင်ရိုးစစ် (မောရှမ်းမြေ)
No comments:
Post a Comment