Sep 30, 2011

မစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်းရပ်ဆိုင်းထားမည်




ရန်ကုန်၊ စက်တင်ဘာ - ၃၀

ပြည်သူများ၏ဆန္ဒအတိုင်းမိမိတို့အစိုးရသက်တမ်းအတွင်းတွင် မြစ်ဆုံစီမံကိန်းကိုဆက်လက်တည်ဆောက်ခြင်းမပြုစေဘဲ ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတက နေပြည်တော်တွင်ကျင်းပလျှက်ရှိသောလွှတ်တော်နှစ်ရပ်သို့သ၀ဏ်လွှာပေးပို့ကာအသိပေးခဲ့ကြောင်း နိုင်ငံတော်သမတရုံးမှတာဝန်ရှိသူတစ်ဦးက7Day News သို့အတည်ပြုပြောကြားသည်။

ထိုသ၀ဏ်လွှာတွင် မှာစာမျက်နှာ ၄ မျက်နှာပါဝင်ပြီး အဓိကအားဖြင့် ပြည်သူတို့၏မြစ်ဆုံအပေါ်စိုးရိမ်ပူပန်ချက် ၅ ချက်ကို အကျယ်တ၀င့်ရေးသားထားပြီး မိမိတို့အစိုးရ အနေနှင့် ပြည်သူများက ရွေးကောက်တင်မြှောက်ထား သောအစိုးရဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကိုအလေးထားဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသဖြင့် မြစ်ဆုံစီမံကိန်းကို အစိုးရသက်တမ်းအတွင်း ဆက်လက်တည်ဆောက်ခြင်းမပြုဘဲ ရပ်ဆိုင်းသွားမည့်အကြောင်းကို လွှတ်တော်များကို သ၀ဏ်လွှာပို့ကာအသိပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူကပင် ဆက်လက်ပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ကာ ပြည်သူများ၏စိုးရိမ်ပူပန်မှုများကို အချက်၅ချက်ဖြင့် ရေးသားထားပြီး ယင်းအချက်များတွင် သဘာဝကလက်ဆောင်ပေးထားသောကချင်ပြည်နယ်ရှိသဘာဝအမွေအနှစ်မြစ်ဆုံ နေရာပျောက်ကွယ်သွားမည်ကိုစိုးရိမ်ခြင်း၊ရေခဲတောင်များနှင့်ဆက်စပ်သောရာသီဥတုပြောင်းလဲခြင်းများဖြစ်ပေါ်ခြင်း၊အင်အားပြင်းထန်သည့်ငလျင်များလှုပ်ခတ်ပါက ပြည်သူများ၏အသက်အိုးအိမ်များပျက်စီးသွားနိုင်ခြင်း၊ ထိုဒေသရှိ ကျွန်းနှင့်ရာဘာစိုက်ခင်းများရေမြုပ်ပျက်စီးသွားနိုင်ငခြင်း၊ နှင့်အရေးအကြီးဆုံးဖြစ်သော ဧရာဝတီမြစ်ကြီး အတွက်စိုးရိမ်စရာအခြေအနေများကြုံတွေ့နိုင်ခြင်းတို့ကြောင့် ရပ်ဆိုင်းသွားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသောစာချုပ်နှင့်ပတ်သက်ကာ နှစ်နိုင်ငံမိတ်မပျက်အောင်သဘောတူလက်ခံသည်အထိ ညှိနှိုင်းသွားမည်ဟုလည်း သ၀ဏ်လွှာတွင်ရေးသားထားသည်။

လိုအပ်သောလျှပ်စစ်ဓာတ်အားများကိုလည်း အခြားသောနေရာများတွင် စီမံကိန်းများဖြင့် သေချာစွာလေ့လာစိစစ်ကာထုတ်လုပ်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟုသမတကပြောကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှသိရသည်။

အေးမြကျော်
7Day News

အမျိုးသားဒီမိုကရေစီအဖွဲချုပ် ကြားဖြတ်ရွေးကောက်ပွဲဝင် မ၀င် ပါတီအမှုဆောင်အဖွဲ့နှင့်တိုင်ပင်ရဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား




လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ဝင်ရောက်ရန် ပါတီအမှုဆောင်အဖွဲ့နှင့်တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်နိုင်ရန်အစိုးရဘက်မှမူဝါဒရေးရာပြင်ဆင်ပေးခဲ့ပါက ၀င်ရောက်ရန် ရှိ မရှိ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်ကြည်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးပါက ပါတီနှင့်လက်တွဲဆောင်ရွက်သွားရန်ရှိကြောင်းဖြေကြားခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၁နာရီကျော်ကြာတွေ့ဆုံခဲ့ပြီးမီဒီယာများ၏မေးမြန်းချက်ကို အထက်ပါအတိုင်းဖြေကြားခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးအတွက်နှစ်ဖက်ပူးပါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊နိုင်ငံတော်သမ္မတကလွတ်ငြိမ်ချမ်းသာခွင့်ပေးရန်စဉ်းစားဆောင်ရွက်နေသည့်ကိစ္စနှင့် လက်နှက်ကိုင်ကိစ္စ နှင့်ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြောင်း ဦးအောင်ကြည်ကကြေငြာချက်တွင်ထည့်သွင်းဖတ်ကြားသည်။

ယနေ့နံနက်ပိုင်းကပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြစ်ဆုံးစီမံကိန်းကို ၄င်းအစိုးရလက်ထက်တွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ကျင်းပနေသောလွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့အသိပေးအကြောင်းကြားခဲ့သည်။ 

ယခုတွေ့ဆုံမှုသစ်အစိုးရသစ်လက်ထက် ဦးအောင်ကြည်နှင့် တတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး တွေ့ဆုံဆွေးနွေးမှုများငြိမ်သက်သွားခဲ့ရမှာ ယခုဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လည် ၁နာ၇ီမှ ၂ နာရီ ၁၇ မိနစ်အထိတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော အချက်(၁၀)ချက်ပါ သ၀ဏ်လွှာအပြည့်အစုံ Eleven News







မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်ပါ သ၀ဏ်လွှာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။ 

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။ 

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -

(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။

(ခ)  မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။

(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။

(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။

(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။


၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။


source- http://www.news-eleven.com/index.php?option=com_content&view=article&id=10335:2011-09-30-04-38-33&catid=42:2009-11-10-07-36-59&Itemid=112

သမ္မတကြီး ဦးသိန်းစိန်က ပေးပိုသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည် သဝဏ်လွှာကို လွှတ်တော်တွင်ဖတ်ကြားနေပုံ အသံဖိုင် 

http://soundcloud.com/yangonese/presidents-letter-to-hluttaw

ရိုးမအလှ xx ဘိုဖြူ xx

တောင်ကြီးမြို့သမိုင်း








ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်
အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်
တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်
နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´
ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်
(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်
ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်
အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်
တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်
ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သား
ရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကို
အခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)
နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာ
ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။
ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁)
ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်က
တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသော
ပအိုဝ့်ရွာများ ရှိသည်။ ``၀ိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍
ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခု
တောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်
တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း
တင်ရမည် ဖြစ်ပါသည်။

တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သော
ပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။
ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံ
တောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။
အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာ
ရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊
မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၎
ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်
တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင်
မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး
ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကို ပြုပြင်ကာ
တောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းက
ယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကို
မှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀
ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်
တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့်
တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။
အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့
အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်
နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကို
ရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာ
ကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏
အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌
ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်
မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်

ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်က
ပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်
အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။
ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်း
ဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်း
နေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခု
တောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်က
ဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်
ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာ
တောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။
အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာ
က အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊
နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှ
အင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမား
ကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။
ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊
ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်
ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမ
တောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်
ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း
တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။

ရှမ်းပြည်မျိုးဆက်သစ်လူငယ် ထောင်ဆေးရုံတက်နေရ




နှစ်ရှည်ထောင်ကျနေတဲ့ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့ဝင် စိုင်းမျိုးဝင်းထွန်း ကျန်းမာရေးမကောင်းတဲ့အတွက် ထောင်ဆေးရုံမှာ ကုသနေရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။
စိုင်းမျိုးဝင်းထွန်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့် )
စိုင်းလိတ်က “ကျန်းမာရေးအခြေအနေ မကောင်းဘူး။ စိတ်ထွေပြားတဲ့ရောဂါကြောင့် ဆေးရုံပေါ်ရောက်နေတာ တနှစ်နီးပါးရှိပြီ။ ပြီးခဲ့တဲ့ ၂ နှစ်က ထောင်ဆေးရုံကို ရောက်တယ် ပြန်ဆင်းသွားရင် အဲဒီရောဂါပြန်ဖောက်လာတယ်။ အခုထောင်ဆေးရုံပေါ်မှာပဲ အပြီးနေလိုက်ရတဲ့ သဘောမျိုးရှိတယ်” လို့ ပြောပါတယ်။
အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ စိုင်းမျိုးဝင်းထွန်းဟာ တရားမဝင် ရှမ်းပြည်အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းရာမှာ ပူးပေါင်းပါဝင်မှု၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့က ရေးဆွဲတဲ့ အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံစာတမ်းကို ပူးပေါင်းပါဝင် ရိုက်နှိပ်ပေးမှုတွေနဲ့ ထောင်ဒဏ် ၇၉ နှစ် ချထားခံနေရတာပါ။
ဒီအမှုတွဲထဲမှာ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့က နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ခေါင်းဆောင်ဖြစ်သူ ဦးမြင့်သန်းကတော့ ရခိုင်ပြည်နယ် သံတွဲထောင်ထဲမှာ ၂၀၀၆ ခုနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရလို့ စိုင်းလိတ်က ပြောပါတယ်။
“ဦးသိန်းစိန် အစိုးရအနေနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲမျိုးကို အမှန်တကယ်လုပ်မယ်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမှသာ ဒီအစိုးရအပေါ်မှာ လူထုနဲ့ကမ္ဘာက အယုံအကြည်ရှိလာမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီးမှ အားလုံးပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်မျိုးတွေ ပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုးကို စတင်နိုင်မယ်။ ပြည်တွင်းမှာ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ နှစ်ဦးနှစ်ဖက် အယုံအကြည်ရှိနိုင်ကြမယ်လေ။”

Facebook မှာ Social Site Design နဲ့ မိမိစာမျက်နှာကို welecome box နဲ့အလှဆင်မယ်

်Facebook မှာ welecome box လေးနဲ့  သင့်စာမျက်နှာကို social site လေးလုပ်ချင်ပါသလား သိရှိတာလေးကို
တင်ပြလိုက်ပါတယ်။ Facebook မှာ ဆိုက်လေးလုပ်လို့ရသလို tag တွေခွဲပြီးလည်း လုပ်လို့ရပါသေးတယ် အဲဒါ
ကိုတော့ install လုပ်ရပါတယ်သူ့ရဲ့စာမျက်နှာ ကိုသွားချင်ရင်တော့ အောက်မှာပေးထားတဲ့ link လေးကိုသာ
နှိပ်ပြီးတော့သွားနိုင်ပါတယ်။အရင်ဆုံးဒီဇိုင်းကြည့်ချင်တယ်ဆိုရင်တော့
ဒီမှာနှိပ်ပြီး သွားပြီးတော့ ဥပမာကြည့်နိုင်ပါတယ်။
Install    လုပ်ကြစို့ ။
အဆင်ပြေချောမွေ့ကြပါစေ







Sep 28, 2011

PDF XChange Viewer V2.5.199

 






 PDF-XChange Viewer V2.5.199     ဒီမှာဒေါင်းမယ်
ကြည့် ရတာ အဆင်မပြေဘူးလို့ကြားတယ်ဘယ်လိုအဆင်မပြေတာလည်းတော့မသိဘူး ဒါလေး စမ်းသုံးကြည့်ကြပါအုံးလားဘာရယ်တော့မဟုတ်ဘူး ကောင်းမယ်လို့တော့
ထင်ပါတယ်ဒါက portable နော်စတစ်ထဲမှာလည်းထည့်သုံးလို့ရတယ် သုံးခါမှ ကောက် run လိုက် အိုကေသွားမယ်။
Download link >>
http://c1236872.r72.cf0.rackcdn.com/PDFX_Vwr_Port.zip








Sep 22, 2011

ပအိုဝ်အမျိုးသားတို့ရဲ့ မီးရှုးလွှတ်တင်ပွဲ














တောင်ကြီးမြို့ တွင် ၊ ရှမ်း ၊ပအိုဝ်၊ ဗမာ ၊ အင်းသား ၊ဓနုစတဲ့တိုင်းရင်းသားများနှင့်အခြားသောတိုင်းရင်းသား
များလည်းတူယဉ်တွဲနေထိုင်ကြတဲ့အလျှောက်လူမျိုးတိုင်းရိုးရာဓလေ့ပွဲများကိုယ်စီရှိကြသလိုပအိုဝ်အမျိုးသား
များယဉ်ကျေးမှုနှင့်ဓလေ့ ပွဲဖြစ်တဲ့ မီးရှုး လွတ်တင်ပွဲရှိပါတယ်ပုံမှာမြင်တွေ့တဲ့အတိုင်းပါပဲ။ယင်းပွဲမှာဖြင့်စည်
စည်ကားကားပျော်ပျော်ရွှင်ရွှင်နဲ့ ပြိုင်ပွဲဝင်မီးလုံးများကို လွှတ်တင်ကြပါတယ်။အဲဒီနောက်ပြောစရာတစ်ခုရှိ
သေးတာက ပြိုင်ပွဲဝင်မီးလုံးမလွှတ်တင်မှီပအိုဝ်တိုင်းရင်းသာများကရိုးရာအိုးစည်ဗုံမောင်းတီးရင်းကကြပါတာ
တွေ့ရပါတယ်။နောက်ပြီး ကနေတာဒီတိုင်းရိုးရိုးက ကြတာမဟုတ်ပါဘူးမီးလုံးကိုပုခုံးပေါ်ထမ်းပြီးတော့ကကြ
တဲ့ပုံဖြင့်တကယ်ခက်ခဲမယ့်အလုပ်ပါမီးလုံးက လေးလည်းလေးပါသေးတယ်ဝါးပြောင်းထဲမှာရမ်း နှင့်သိပ်ထား
တဲ့လို့လေးနေတဲ့ မီးလုံးကြီးကိုပုခုံးပေါ်တင်ပြီးပြုတ်မကျအောင်ဟန်ချက်ညီညီကဖို့ဆိုတာမလွယ်တဲ့အလုပ်
ပါ ကျွန်တော်သိသလောက်ကတော့ ပြိုင်ပွဲပုံစံကစုကြေးသတ်မှတ်ပြီးအပျော်တမ်းပြိုင်ကြတာဖြစ်တယ်လိုသိ
ရပါတယ်။ နောက်ပြီး လွှတ်တင်တာ တွေ့ဖူးတာတော့နှစ်မျိုးတော့တွေ့ဖူးတယ် စင်အမြင့်ကြီးပေါ်ကနေ
လွှတ်တာက တစ်မျိုး မြေကြီးပေါ်ကနေထောင်ပြီးလွှတ်တင်တာမျိုးလည်းတွေ့ဖူးပါတယ် ဘာကြောင့်ဘယ်
လိုလွှတ်တယ်ဆိုတာတော့ ကျွန်တော်လည်းသိသလောက်တင်ပေးလိုက်တာပါ ။ အဲလိုပြိုင်ခြင်းကလည်းမ
လွယ်တဲ့အလုပ်ကိုလုပ်ရသလိုပါပဲ ကျွန်တော်သိတာတော့ target ဆိုတဲ့သဘောမျိုးပေါ့ သတ်မှတ်ထားတဲ့
နေရာ ကိုရောက်အောင်လွှတ်တင်ရတယ်လို့သူငယ်ချင်း ပအိုဝ်တစ်ယောက်ကပြောဖူးပါတယ်။တကယ်လို့
အဲလိုနေရာမရောက်ရင်တောင်မှ အနီးစပ်ဆုံးသူက ဆုရတယ်လို့သိရပါတယ် စဉ်းစားကြည့်ပါ။တကယ်မ
လွယ်တဲ့အလုပ်နော်....။ကဲကဲ အဲလောက်ပဲကျွန်တော်လည်းသိတယ်ဗျာတကယ်လို့ထပ်သိရင်ထပ်ပြီးတင်
ပြပေးပါမယ်.....တစ်ချို့အရာတွေတော့မှန်တာရှိသလိုမမှန်တာတွေလည်းပါချင်ပါနေမှာပါ မသေချာလို့မ
တင်ဘူးဆိုတဲ့အဖြစ်မျိုးဖြစ်မှာစိုးလို့တင်ပေးလိုက်တာပါ မှန်တဲ့အချက်တစ်ခုခုကိုသိသွားရတော့ ဗဟုသုတ
ရတာပဲမို့ သိသလောက်တင်ပေးလိုက်တာပါ ။
တောင်ကြီးမြို့မှာဘယ်ပွဲတွေက ဘယ်လိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်
နိုင်အောင်တင်ပြပေးပါမယ်.............ခုတော့ နားကြအုံးစို့..

နောင်ရိုးစစ်(မောရှမ်းမြေ)

2011 ခုနှစ်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်

2011


ခုနှစ်ကျွန်ုပ်တို့ရှမ်းပြည်နယ်တောင်ကြီးမြို့တောင်ပိုင်း
ညောင်ရွှေမြို့နယ်အင်းလေးဒေသတွင်နှစ်စဉ်ကျင်းပမြဲ
ဖြစ်သော အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို
စက်တင်ဘာ28 ရက်နေ့မှအောက်တိုဘာ 15 ရက်နေ့
အထိကျင်းပမည်ဖြစ်ကြောင်းနှင့် အင်းလေးကန်တော်
ရဲ့အရှေ့၊အနောက်၊တောင်၊မြောက်စတဲ့အရပ်တွေမှာ
ရှိတဲ့ကျေးရွာ 21 ရွာသို့အစဉ်လိုက်အပူဇော်ခံမည်ဖြစ်
သည်။အ၀င်အထွက်ကျဉ်းမြောင်းသောကျေးရွာများကို
ခုနှစ်ကျွန်ုပ်တို့ရှမ်းပြည်နယ်တောင်ကြီးမြို့တောင်ပိုင်း
ညောင်ရွှေမြို့နယ်အင်းလေးဒေသတွင်နှစ်စဉ်ကျင်းပမြဲ
ဖြစ်သော အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို
စက်တင်ဘာ28 ရက်နေ့မှအောက်တိုဘာ 15 ရက်နေ့
အထိကျင်းပမည်ဖြစ်ကြောင်းနှင့် အင်းလေးကန်တော်
ရဲ့အရှေ့၊အနောက်၊တောင်၊မြောက်စတဲ့အရပ်တွေမှာ
ရှိတဲ့ကျေးရွာ 21 ရွာသို့အစဉ်လိုက်အပူဇော်ခံမည်ဖြစ်
သည်။အ၀င်အထွက်ကျဉ်းမြောင်းသောကျေးရွာများကို
လာသောလှေ တစ်စင်းကို အယောက် 40 ကနေအယောက် 100 ကျော်အထိအင်းသားများပါဝင်ပြီး
ရိုးရာလှော်ခတ်နည်းဖြင့်ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်းပြုလုပ်ကြမည်ဖြစ်သည်။
ဆွဲလှေ အနည်းဆုံး 30 ကနေ 80 ကြားကရ၀ိတ်ဖောင်တော်ကိုဆွဲကြမည်ဖြစ်သည်။
နောက်မှ ဆွမ်းတော်လှေ၊စည်တော်လှေ၊လှေတော်ယိမ်းအလှအဖွဲ့၊၀တ်ရွတ်အဖွဲ့၊ဓမ္မစင်္ကြာအဖွဲ့လှေများတို့
နှင့်လိုက်ပါပို့ဆောင်ကြမည်။ထို့ကြောင့်တောင်ကြီးမြို့အင်းလေးဒေသရဲ့ ဘုရားပွဲတော်မှာ အင်းသူအင်းသား
များရဲ့ချစ်ဖွယ်သောရိုးရာဓလေ့နဲ့အလှူအတန်းရက်ရောမှုကိုမျက်ဝါထင်ထင်တွေ့စေနိုင်လို့တစ်ခါတစ်ခေါက်
လာရောက်လို့ ပျော်ကြည့်လှည့်ပါ ကျွန်တော်တို့ တောင်ကြီးမြို့ရဲ့ နောင်အင်းလေးပွဲ။


နောင်ရိုးစစ် (မောရှမ်းမြေ)

တန်ဆောင်တိုင်ပွဲတော်သို့.....







 ယခုဆိုလျှင် ၉ လပိုင်းတင်းတင်းပြည့်ပြီးပြီမို့၁၀လပိုင်း၁၁လပိုင်း ဘယ်လောက်မှမလိုတော့ပါဘူး 
 ချမ်းစိမ့်စိမ့်နဲ့ နှင်းရိပ်တို့ခပ်ကွဲကွဲကျဆင်းနေပါပြီ။ ၁၁လပိုင်းဆိုရင်ဖြင့်ကျွန်တော်တို့
တောင်ကြီးမြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကိုရောက်ရှိမှာဖြစ်ပါ
တယ်။အရင်နှစ်များလိုပဲ နှင်းတောထဲမှာမီးရောင်စုံဖြာလင်းနေတဲ့ကောင်းကင်ကိုမြင်ယောင်ကြည့်ပါစို့။
ဘယ်လောက်ပျော်ရွှင်ကြည်နူးဝမ်းမြောက်ဖို့ကောင်းလိုက်သလဲ။ပွဲတော်ကိုလာရောက်လည်ပတ်ကြတဲ့
နိုင်ငံခြားတိုင်းတစ်ပါးသားတို့အပါအ၀င်မြန်မာပြည်ရဲ့အနယ်အနယ်အရပ်ရပ်မှညီအစ်ကိုရောင်း
ရင်းများလည်းလည်းလာရောက်လှည့်ပတ်ကြည့်ရှုလှည့်ပါလို့ကမ်းဆင့်ကာလှမ်းလင့်လို့
ကြိုဆိုပါတယ်။မီးပုံးပျံများကိုလွှတ်တင်ခြင်းဟာ တောင်ကြီးမြို့ရဲ့ ဂုဏ်ကျက်သရေဆောင် နာမည်ကြီးမီးပုံပျံများနှင့်တစ်ကွ စတိတ်ခ်ျရှိုး၊ပျော်ပွဲရွှင်ပွဲများလည်းပါဝင်ပါကြောင်းနှင့်
မရောက်ဖူးသေးသောညီအစ်ကိုမောင်နှများလည်း တောင်ကြီးမြို့ရဲ့ယဉ်ကျေးမှုနဲ့အတူ တောင်ပေါ်သား (ရှမ်း၊ပအိုဝ်၊တောင်ရိုး၊ဓနု)တို့ရဲ့ဖြူစင်သောစိတ်ထားနဲ့အလှူအတန်းကိုကိုမြင်စေမှာဖြစ်သလို။ စကားသံခပ်ဝဲ၀ဲ တို့အနွယ်ထဲမှာအိုးစည်သံ ဗေဗေထုံး ကိုကြားရောင်
လို့ဖြင့် အိမ်အပြန်လမ်းမှာ ရှမ်းပဲပုတ်စားဖူးခဲ့ရင်ဖြင့် တသလွမ်းဆွတ်မိစေပါမည်။ 


နောင်ရိုးစစ် (မောရှမ်းမြေ)

Labels

 
Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here