Powered by Blogger.
 

Dec 22, 2011

ရင်သားကင်ဆာဆိုတာ ဘာလဲ?

ရင်သားကင်ဆာဆိုတာ ဘာလဲ?


ရင်သားကင်ဆာဆိုတာက ရင်သားရဲ့ ကလာပ်စည်းက စတင်ဖြစ်ပေါ်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တစ်ခုပဲဖြစ်တယ်။ အဲဒါက အမျိုးသမီးတိုင်းလိုလိုမှာ ဖြစ်တတ်ပြီးအမျိုးသားတွေလည်း ဒီရောဂါကို ရနိုင်တယ်။ စင်ကာပူနိုင်ငံ ကင်ဆာအသင်း အဆိုအရ၊ နှစ်စဉ်အမျိုးသမီး (၁၃၀၀)လောက် ရင်သားကင်ဆာဖြစ်တာကို ရောဂါစစ်တမ်းက ဖော်ပြနေတယ်။ အမျိုးသမီး အသက်အရွယ်အုပ်စုတိုင်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်(၄၀)ကျော် အမျိုးသမီးတွေက ဒီရောဂါ ပိုပြီး ဖြစ်ကြတယ်။ အမျိုးသမီး ခုနှစ်ယောက်မှာ တစ်ယောက်ဟာ Breast Cancer ရောဂါရဲ့ အန္တရာယ်ဟာ တိုးပွားလာတယ်။ အမျိုးသမီးတိုင်းဟာ ဒီရောဂါဘေးနဲ့ ကြုံရတတ်ပါတယ်။



ရင်သားကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း



ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်း တိတိကျကျကို မသိရသေးပါဘူး။ ရင်သားကင်ဆာဟာ အမျိုးသမီး ဟော်မုန်းဓာတ် (Female Hormones) နဲ့ ဆက်နွယ်နေပြီး ရင်သား ကင်ဆာ ဖြစ်စေတဲ့ ဖြစ်နိုင်တဲ့ အချက်တွေထဲမှာ ခေတ်ပေါ်ဓာတ်စာ (ယနေ့စားနေကျ အစားအစာ)၊ ဘဝနေထိုင်ပုံစံစနစ်စိတ်ဖိစီးမှုဖြစ် စဉ်တွေနဲ့ ပါဝင်ပတ်သက်နေတယ် လို့ဆိုပါတယ်။ ရင်သားကင်ဆာ စဖြစ်ဖြစ်ခြင်း နာကျင်ကိုက်ခဲမှု မဖြစ်ဘူး။ ဘာရေဂါလက္ခဏာမှလည်း မပြဘူး။ ဒါပေမယ့် ကင်ဆာကြီးထွားလာတဲ့ အခါမှာတော့ ရင်သား သို့မဟုတ် ဂျိုင်းအောက်မှာ အဖုတစ်ခုကို တွေ့ရမယ်။





ရင်သားရဲ့အရွယ်ဟာ ပုံသဏ္ဌာန်ပြောင်းလဲ သွားမယ်။ ရင်သားနဲ့ရင်သားထိပ်ရှိ ညိုမဲနေတဲ့အဝိုင်းကွင်း သို့မဟုတ် နို့သီးခေါင်းတွေမှာ အရောင်ပြောင်းလဲသွားတာ တွေ့ရမယ်။ ဒါမှမဟုတ် အဲဒီ့နေရာတွေမှာ အာရုံ ခံစားမှု ပြောင်းလဲသွား တာတွေ့ရမယ်။ နို့သီခေါင်းမှာ နို့ရည်ထွက်ခြင်း၊ နို့သီးခေါင်းဆုတ်ယုတ် လာခြင်း၊ ပြောင်းပြန်ဖြစ်ခြင်း၊ သို့မဟုတ် အထိမခံပဲ နာကျင် လာခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ရာသီလာခဲ့ရင်၊ အထူးသဖြင့် အသက် (၁၁)နှစ်မတိုင်မီ ရာသီပေါ်ခဲ့ရင် ဒါမှမဟုတ် မင်းသွေးဆုံးချိန်က အသက် ၅၅နှစ်ထက် နောက်ကျရင် ဒီရောဂါပိုမိုဖြစ်တတ်ပါတယ်။ အလားတူပဲ မင်းမှာကလေး မရှိခဲ့ရင်၊ ဒါမှမဟုတ်ပဲ မင်းအသက် ၃၅နှစ် နောက်ပိုင်းမှပထမကလေးကို ရရှိခဲ့ရင်၊ မင်းဒီရောဂါအတွက်ပိုပြီး အန္တရာယ်ရှိတယ်။




(ဆက်လက်ဝေမျှပေးတာပါ။)

Linux OS အကြောင်းနှင့် အသုံးပြုပုံ (မြန်မာလို)

Linux OS အကြောင်းကို မြန်မာလိုရှင်းပြထားပြီးတော့ အသုံးပြုပုံကိုလဲ အသေးစိတ် ရှင်းပြထားပါတယ် . စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကလေးပါ . စိတ်ပါဝင်စားမယ် ဆိုရင်တော့ ဖတ်သင့်ပါ. စမ်းချင်ရင်လဲ စမ်းလို့ရပါတယ် . လိုချင်ရင်တော့ အောက်မှာ 





Excel Password Recovery

Excel Password Recovery V2.0.5 Retail | 5Mb

Microsoft Excel နဲ့ စာရိုက်ပြီး မိမိဖိုင် လုံခြုံရေးအတွက် password ပေးပြီး မေ့သွားလို့
စိတ်ညစ်နေကြတဲ့သူတွေအတွက်။


Dec 21, 2011

အားလုံးရဲ့ အမေ

အမေ

အမေလို့တစ်ခွန်းခေါ်လိုက်တိုင်းရင်တံတိုင်းကြီးတောင်ပြိုလောက်တယ်ကျေးဇူးကြီးတဲ့အမေမွေးကင်းစကတည်း
ကအစားမမှားအသွားမမှားအောင်နေခဲ့ပြီးမှသားသမီးတွေအတွက်အသက်နဲ့  ရင်းပြီးမွေးခဲ့တာအခုဆိုရင်မင်းတို့
ငါတို့ ဒီအသက်အရွယ်တောင်ရှိခဲ့ပြီနော် ဘာပဲဖြစ်ဖြစ်ပေါ့မြင့်မိုရ်တောင်မြူမှုန်လောက်သာကျန်တဲ့မွေးမိခင်တွေရဲ့
မေတ္တာာကိုတော့အရိုအသေပေးဦးညွန့် ဦးခိုက်ရဖို့  ကြိုးစားပေါ့ ဒေါသ ဖြစ်လည်းခဏပါပဲလို့  ထင်ပြီးတော့တော့
မမိုက်နဲ့  ဦးခိုက်တဲ့ပန်းကစကားလေးနဲ့  ခဏတာရိုက်လိုက်တာနဲ့  ထိတက်တယ်နော်...လက်တွေ့ရှေ့မှောက်မှာ
လည်းတွေ့  ဖူးတဲ့မင်းတို့ငါ တို့  ဦးပဲခိုက်ရအောင်လားကွာဘုရားနဲ့တစ်ဂိုဏ်းထဲမို့  အမုန်းမီးနဲ့တော့မတိုက်နဲ့
မင်းတို့ ရင်တွေငါတို့ ရင်တွေတစ်ရှိုက်ရှိုက်နဲ့  ငိုရကုန်လိမ့်မယ်အဆင်မပြေတဲ့ကြားကသားသမီးတွေအတွက်
အသားငါးလေးနဲ့ ခံတွင်းတွေ့စေဖို့  တစ်ခါတစ်လေအဆင်မပြေတဲ့မျက်ရည်တွေနဲ့  ငိုရှိုက်ခဲ့တာတွေမင်းတို့ ငါ
တို့ သိရလို့လားအဲဒါပဲဘ၀ဆိုတာတစ်နေ့  နေ့ တစ်ချိန်ချိန်လင်ယူသားမွေးနဲ့  မိဘရင်ကို စုံကန်သွားတဲ့သား
သမီးတွေထဲမှာမပါချင်စမ်းပါနဲ့  တစ်ချို့များရှိပါသေးရဲ့  မိဘကိုသူငယ်ချင်းလိုပြောအဲဒီလိုစိတ်သဘောလေးနဲ့
နေရင်းဒုက္ခတွေ့  မှ သိတက်တဲ့လူတွေလေရှိသေးတယ် အမေဆိုတာကလေ ဘယ်သားသမီးတွေဘယ်လောက်ဆိုးနေပါစေစွန့်  ပစ်ရိုးထုံးစံမရှိပါဘူး ဒါပေမယ့် အားလုံးသောမိဘကိုဆိုလို
တာမဟုတ်ဘူးနော်..တစ်ချို့ မိဘတွေက သားသမီးကိုစွန့်  ပစ်တယ်တဲ့အဲဒါလည်းအကြောင်းရင်းရှိရမှာပေါ့
အခုလိုရေးပြီးတင်ထားလို့   စွန့်ပစ်ခံခဲ့တဲ့တစ်ယောက်ယောက်ဖက်မိရင်တော့ဦးစွာတောင်းပန်ပါတယ်.....လူတွေပဲအဆင်မပြေမှုဆိုတာလူ
တိုင်းမှာရှိပါတယ် ဘယ်လောက်ချမ်းသာသာဆင်းရဲရဲသူ့ အတိုင်းတာနဲ့ သူအဆင်မပြေမှုရှိနေပြီးသားပါပဲ လေ
အဲဒီအဆင်မပြေမှုရှိခဲ့လို့  စွန့်  ပစ်ခဲ့တာဆိုရင်ဘယ်လိုလုပ်မလဲ နောက်ပြီးတော့သားသမီးကောင်းစားဖို့  အ
တွက်မျက်ရည်တစ်သန်းနဲ့  စွန့်  ပစ်ခဲ့ရတဲ့ပန်းကိုနှမျှောမှာပဲမဟုတ်ဘူးလားအခုက ရင်ထဲကသွေးနဲ့သားနဲ့ ရင်းပြီးတော့ ပျိုးခဲံ့ရတဲ့သားသမီးပန်းလေဘယ်မိဘကစွန့် ပစ်ရက်မှာလည်း မဟုတ်ဘူးလား ..................
မိဘတွေရဲ့  ရင်ထဲမှာရှိတာက အားလုံးသိကြတဲ့အတိုင်းပဲလေ...သား၇ိုးသမီးရိုးပဲပစ်ရိုးထုံစံပဲရှိတယ်တဲ့ ကျွန်
တော်ယုံတယ်ဘယ်သူမယုံချင်နေ.........အားလုံးက မိခင်နဲ့  ဖခင်က မွေးလို့  ကြီးလာတဲ့ပါပဲ မိခင်ဖခင်မရှိဘဲ
မွေးတဲ့သားသမီးလို့ ရယ်တော့မရှိရပါဘူး မဟုတ်လား ခပ်ရိုင်းရိုင်းပြောရရင်တိရိစ္ဆာန်တွေတောင်မိခင်ဖခင်ရှိတာပဲ လူလိုတော့နားမလည်တက်ဘူးနော် ဒါတောင်မှ
အခုကလူတွေပဲ မိခင်ဖခင်ပေါ်စိတ်ဆိုးတယ်ဖြစ်ဖြစ်စိတ်ကောက်တယ်ဖြစ်ဖြစ်ပေါ့ မကောက်သင့်ဘူးလို့  တော့
ပြောချင်တယ် ကျွန်တော်လည်း ကောက်တက်ပါတယ် ကောက်ဖူးပါတယ် ဒါပေမယ့်နောက်မှ သိခဲ့ရတဲ့အဖြစ်
ကမကောင်းဘူးဆိုတာနားလည်မှာပါ နောင်တ ဆိုတာကြီးလေ

အမေ
အမေဆိုတာမပြည့်တဲ့အိုးတွေဖြည့်ပေးဖို့ ရှိခဲ့တာပါ
ဘယ်သားသမီးအဆင်မပြေနေလည်းအမေ့အိမ်ကိုသာလှမ်းခဲ့
လိုအင်တွေဖြည့်  ဖို့  ရှိခဲ့တာပါ.....အမေဟာလေ....
ပြည့်  နေတဲ့အိုးလည်းလျှံစေမယ်
သြော်...အမေ အမေ
အဆင်မပြေမှုတွေကြားကငိုသံတွေတိတ်အောင်
ကြိတ်ပြီးစွမ်းဆောင်ခဲ့တာဒီအရွယ်တောင်ရှိခဲ့ပြီသားတို့လေ
အမေမငိုပါနဲ့  သားရင်တွေဟက်တက်ကွဲလိမ့်မယ်
မွေးမိခင်ရဲ့  ကျေးဇူးကိုသားမျက်ရည်နဲသားမအပ်ချင်ဘူး
မြင့်မိုရ်မြူမှုန် ဖြစ်စေတဲ့မွေးကျေးဇူးကျွေးကျေးဇူးကို
သားပြုံးပြုံးလေးပဲဆပ်ချင်တယ်
သားချစ်တဲ့မွေးမေမေရယ်......

အွန်လိုင်းကြားကသံယောဇဉ်




ရုပ်လည်းမမြင် အသံလည်းမကြား
နှစ်ကိုယ်ကြားစကားနဲ့ ရင်ခုန်
မျက်လုံးတွေစုံမှိတ်
ရင်တွေလည်းအစုံလိုက်ဖွင့်ကာချစ်ခဲ့တယ်
ကောင်မလေးရယ်.......
ငါရင်တွေမောရင်း
ကြွေခဲ့တဲ့အနမ်းတွေ
စိတ်ကူးတွေထဲမှာပဲ ပျော်နေတာ
သူလေးကခြေဖျားလေးထောက်ရင်းပေါ့.
....
တောင်ကြီးရဲ့ ဆောင်းတွင်းက
ချမ်းလို့လား.....ရင်ခွင်နွေးစေဖို့ ရယ်
ခိုဝင်တိုးဖို့ အားကိုးရှာလည်း
သူနဲ့ က ရေမြေတွေခြား
ကီဘုတ်ပေါ်ကမျက်ရည်စကားနဲ့
ချစ်ကြိုးတွေဖွဲ့ လို့
ဟိုအရင်တိတ်ကိုလွမ်းဆွတ်ကာဖျားတယ်
ချစ်ရသူရယ်...........
ဘာတွေတွေးနေမလဲ
ဘယ်လိုတွေဆွေးနေမလဲ
ပူပန်နဲ့ အတွေးနဲ့ လွမ်းနေမိတော့
မျက်ရည်မိုးနဲ့ ရက်တွေသာတိုး
သီချင်းလေးထဲက အတိုင်းပေါံ့.....
ရိုးမြေကျပေါင်းခွင့်မရခဲ့တောင်
ရိုးမြေကျချစ်ချင်တာက
ရင်ဝှက်စကား.......သူငိုမှာလား
မငိုပါနဲ့ ချစ်သူ မင်းမငိုပါနဲ့
ချစ်လျက်နဲ့ ဝေးတော့
အတိတ်က အကြောင်းလေး
ပြန်ပြန်တွေး ကာမျောနေခဲ့တာ
နေ့ရက်တွေတိုင်းမှာ
ရင်ခွင်တံတိုင်းက
အနမ်းပန်းလေး ပွင့်တယ်
ချစ်ရသူရယ်............
ပြန်လာခဲ့ပါတော့ ကွာ
ငါထင်မြင်သလိုသာနီးဖို့
ရင်ခွင်ကြွေကာဆွေးလို့ လေ.......
အခုတော့ကွာ ဖြေမဆည်နိုင်တဲ့
ချက်တင်ဆိုင်လေးထဲမှာ
ငါ့မျက်ရည်တွေ အဖော်မဲ့နေတုန်းပါပဲ
ချစ်သူလေးရယ်..................

နောင်ရိုးစစ်

iphone,ipad,ipod များရဲ့ reboot ဒုက္ခ



iphone,ipad,ipod များရဲ့ reboot ဒုက္ခလို ခေါင်းစဉ်လေးပေးလိုက်ပါတယ် ကျွန်တော်လဲကြုံဘူးတော့
ပြန်ပြီး ဝေမျှလိုက်ပါတယ် လုပ်နည်းလေးက ဘာမှမဟုတ်ပေမဲ့ တကယ်ကိုထိရောက်အရေးပါတဲ့
trick လေးဖြစ်ပါတယ် ဒါကတော့ ဘာလဲဆိုတော့ jailbreak လုပ်တဲ့နေရာမှာ untethered ရယ် tethered ရယ်ဆိုပြီးနှစ်ခုလုပ်လို့ရတယ် untethered jailbreak ဆိုရင်တော့ i-devices ကို reboot လုပ်လဲ သူအလိုလျှောက်ပြန် ပြီး restart ဖြစ်လာတယ် ဒါပေမဲ့ tethered jailbreak လုပ်ထားတယ်ဆိုရင်တော့ reboot လုပ်ရင်သူအလို လျှောက်ပြန်ဖွင့်လို့မရတော့ပါဘူး Computer နဲ့ပြန် join ပြီး ဖွင့်ရပါတယ် ဒါကြောင့် ဒီလိုဖြစ်တဲ့ ရန်မှာ ကာကွယ်ရအောင် နည်းလမ်းလေးတခုပေးခြင်ပါတယ် ဒါကတော့ cydia မှာ တခုခု install တဲ့အခါမှာ reboot လို့တောင်းလာရင် မနှိပ်လိုက်ဘဲ homebutton လေးကိုနှိပ် လိုက်ပါပြီးတော့ မှ cydia ကိုပြန်ဖွင့်ပါ။ပြီးတော့ ခဏက install ပြီးသားဟာကို ပြန် install လိုက်ပါ တာဆိုရင် restart springboard လို့ဘဲ ပေါ်လာပါတော့မယ် ဒီအခါမှာတော့ နှိပ်လိုက်ပါ ဒါဆိုရင် အဆင်ပြေပါမယ်။


Q:ကိုအောင်: ခိုင်းတယ်အကို Reboot လုပ်လိုကတာနဲ့  ipot က power ပြန်မပွင့် တော့ဘူးဖြစ်နေတယ် Apple logo ပုံလေးပဲပေါ် နေတယ် Itune ကနေလည်း Restore လုပ်လိုမရတော့ဘူး အဲ့  ဒါကူညီပါအုန်း

A: ဟုတ်ကဲ ဒါက itunes ကနေ restore လုပ်စရာမလိုပါဘူး လုပ်လိုက်မိတယ်ဆိုရင်တော့ ပြန်ပြီး jailbreak ဖို့လိုပါမယ်။ ဒါမှမဟုတ် restore လုပ်တာမရဘူးဆိုရင် ipodကို computer နဲ့ join ပါပြီးတော့
Redsn0w ကနေ Extra မှာ Just boot ကိုပြန်နှိပ်ပေးပါ။
အဆင်ပြေမယ်ထင်ပါတယ်။ မပြေရင်လဲပြောပါ။

sbsangpi(စံပီး) မှ share ထားပါသည်။

Dec 17, 2011

Skin for Kaspersky

လှတပတ လေးတွေ လူတိုင်း နှစ်လိုကြပါတယ်။ ဒီတော့ အလှအပ တွေနဲ့ ဆွဲဆောင်လာပြန်တော့ မငြင်းရက်တော့ဘူးဗျာ :) မနေ့က Gmail Theme တွေ့တော့ ချက်ချင်း ပြောင်းကြည့်တာပေါ့။ Kaspersky Theme တွေကိုလည်း ပြောင်းပြီး အလန်းလေး ဖြစ်သွားအောင် လုပ်ထားကြမလား...


အောက်ပါလင့်တွေမှာ အမျိုးမျိုးသော ဒီဇိုင်းတွေ ရွေးချယ်နိုင်ပါတယ်။

Skins for KAV/KIS 6.0

Skins for KAV/KIS 7.0

Skins for KAV/KIS 8.0 n see also

ပြောင်းပေးပုံက

-ပထမ နှစ်သက်တဲ့ Theme ကို ဒေါင်းလုဒ် လုပ်ပါမယ်။
-zip ကို အဆင်ပြေတဲ့ နေရာ ဖြည်ထားလိုက်ပါ။
-ပြီးလျှင် ပရိုဂရမ် ဖွင့်ပြီး setting \apparance \browse ကနေ ဖြေထားတဲ့ဖိုင်ကို သွားရွေးပေးလိုက်ရုံပါဘဲ။

ဒါဆို Kaspersky Theme က လန်းတယ်ပေါ့။

ကြိုတင်သိထားနိုင်သော ဆီးကျိတ်ကင်ဆာ


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မြို့တော်ဝန် မစ္စတာရူဒီဂူလီယာနီသည် လက်ရှိသမ္မတကတော် မစ္စဟယ်လာရီကလင်တန်နှင့် အထက်လွှတ်တော် အမတ်နေရာအတွက် ယှဉ်ပြိုင်ရန် စိုင်းပြင်းလျက်ရှိသည်။ သူ၏ဖခင်မှာ ဆီးကျိတ်ကင်ဆာရောဂါဖြင့် အသက် ၇၃-နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ထိုရောဂါသည် မျိုးရိုးလိုက်တတ်သဖြင့် အသက် ၄၀-ကျော်ကာလများမှစတင်၍ ရောဂါ၏သဲလွန်စ ရှိမရှိ စစ်ဆေးသင့်ကြောင်း အကြံပေးသဖြင့် နှစ်စဉ်အစစ်ဆေးခံခဲ့သည်။ သမ္မတလောင်း ဖြစ်ခဲ့ဖူးသော ဘော့ပ်ဒိုးလ်၊ ပင်လယ်ကွေ့ စစ်ပွဲကြီးအတွင်းက နာမည်ကြီးခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း နော်မာန်ရှဝပ်စ်ကော့ပါ၊ အဆိုတော် ဟယ်ရီဘီလာဖွန်တီတို့သည်လည်း ထိုသို့ ကြိုတင်စစ်ဆေးကာ သိရှိခဲ့ကြသည်။ ထိုအခါ လိုအပ်သော ကုသမှုများ အလျင်အမြန်ခံယူခဲ့ကြသဖြင့် အသက်ချမ်းသာရာ ရခဲ့ကြောင်း မစ္စတာရူဒီ ကောင်းစွာသိထား သည်။ ထို့ကြောင့်လည်း မှန်မှန်အစစ်ဆေးခံခဲ့သည်။ ယခုနှစ် မေလ ၂၈-ရက်နေ့က သူသည် အသက် ၆၅-နှစ်ပြည့်ခဲ့သည်။ ထိုအချိန်မတိုင်မီမှာပင် သူ့တွင် ဆီးကျိတ်ကင်ဆာရောဂါ စတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သိရသည်။ မစ္စတာရူဒီကဲ့သို့ပင် အမေရိကန်အမျိုးသား ၁၈၀၀၀၀-ဦးခန့်မှာ နှစ်စဉ် ထိုရောဂါရရှိကြောင်း အသိပေးခံနေကြရသည်။ သို့ရာတွင် ဆီးကျိတ်ကင်ဆာရောဂါသည် စောစီးစွာ သိထားပါက လိုအပ်သောကုသမှုများ ခံယူလျှင် အသက်ချမ်းသာရာ ရနိုင်ကြောင်းသိရသည်။

မစ္စတာရူဒီအတွက် သင့်တင့်မည့် ကုသနည်းများကို သူ၏ဆရာဝန်က ကြံဆနေကြသည်။ အကြောင်းမှာ ကုသမှုတိုင်းတွင် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်း ယှဉ်တွဲနေသဖြင့် အသင့်တော်ဆုံး ကုသမှုကို စဉ်းစားပေးရသည်။ ပထမဦးစားပေး စဉ်းစားသည့်နည်းလမ်းမှာ ထိုဝက်သစ်ချသီးအရွယ် ဆီးကျိတ်ကို ခွဲစိတ်ထုတ်ယူလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ထိုနည်းမှာ လိင်စွမ်းဆောင်မှုတွင် အခက်အခဲ ဖြစ်စေခြင်း သို့မဟုတ်-ဆီးမထိန်းနိုင်ခြင်းများ ဖြစ်စေတတ်သည်။  ဆရာဝန်များက အတတ်နိုင်ဆုံး ထိုသို့မဖြစ်ရန် ကြိုးစားအားထုတ်ကြမည်ဟု သိရသည်။ သို့သော် မည်မျှကျွမ်းကျင်သည့်ဆရာဝန်ဖြင့်  ခွဲစိတ်စေကာမူ အနည်းဆုံး ယာယီအားဖြင့် ပန်းသေ၊ ပန်းညှိုးခြင်း ဖြစ်နိုင်ခြေမှာ  ၃၀-ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။


ဒုတိယနည်းမှာ ဓာတ်ရောင်ခြည်ဖြင့် ကုသနည်းဖြစ်ပြီး ခွဲစိတ်ကုသမှုကဲ့သို့ပင် ထိရောက်သည်။ ခွဲစိတ်ကုသ အပြီး ထိုနည်းဖြင့်လည်း ဆက်လက်ကုသလေ့ရှိသည်။ စွမ်းအားမြင့်သော ဓာတ်ရောင်ခြည်ကြောင့် ဆီးကျိတ်အား ထိခိုက်နိုင်သလို ဆီးမထိန်းနိုင်ခြင်း၊ ပန်းညှိုးခြင်းများလည်း ဖြစ်တတ်ပါသည်။


တတိယနည်းမှာ နိုက်ထရိုဂျင်အရည်ဖြင့် ထိုကင်ဆာဆဲလ်များကို အေးခဲသွားစေပြီး ဆီးထဲမှ စွန့်ထုတ်ခြင်းနည်း ဖြစ်သည်။ ထို့ပြင် ဟော်မုန်းဖြင့် ကုသသည့်နည်းလည်းရှိသည်။ ယောက်ျားဟော်မုန်းများကို တားဆီးထားလိုက်ခြင်းဖြင့် ဆီးကျိတ်၏ကြီးထွားမှုကို ရပ်တန့်စေခြင်းဖြစ်သည်။ ထိုနည်းမှာ အခြားနည်းများ ဖြင့်လည်း တွဲဘက်အသုံးပြုနိုင်ပြီး အထူးသဖြင့် ပြန့်ပွားနေသော ကင်တာဆဲလ်များအား နှိမ်နင်းရာတွင် သုံးလေ့ရှိသည်။


မစ္စတာရူဒီအတွက် အသင့်တော်ဆုံးနည်းလမ်းဖြင့် ကုသမည်ဖြစ်သည်။ မည်သို့ဆိုစေ ကောင်းစွာကျန်းမာလာမည်ဖြစ်ပြီး သူ၏မဲဆွယ်စည်းရုံးပွဲများကိုလည်း ပြန်လည်ပြုလုပ်နိုင် မည် ဖြစ်ကြောင်း သူ၏ဆရာဝန်များက ပြောကြား ကြသည်။
မိဘမျိုးရိုးများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခဲ့ဖူးပါက အနည်းဆုံး အသက် ၄၅-နှစ်အရွယ် အမျိုးသားတိုင်း ထိုရောဂါ ရှိ-မရှိ ကြိုတင်စစ်ဆေးထားသင့်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် လူမည်းအမေရိကန် တို့သည် လူဖြူတို့ထက် ၃၄-ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလျက်ရှိသည်။ အမေရိကန်ကင်ဆာအသင်းကြီး၏ ထုတ်ပြန်ချက်အရ ၁၉၉၆-ခုနှစ်က ထိုရောဂါဖြင့် လူ ၄၀၀၀၀-သေဆုံးခဲ့ပြီး ၁၉၉၈-ခုနှစ်က ၃၈၀၀၀-ဦး၊ ယခု ၂၀၀၀-ပြည့်နှစ်တွင် ၃၂၀၀၀-ဦး သေဆုံးနိုင်ကြောင်း သိရသည်။ ကြိုတင်သိထားသူများမှာ ကုသမှုအချိန်မီရကြ၍ အသက်ချမ်းသာရာရခဲ့ကြသည်။ ထိုရောဂါဖြစ်-မဖြစ် PSA(Prostate Specific Antigen) စစ်ဆေးနိုင်သည်။ ထိုအင်ဇိုင်းကို သွေးထဲတွင် တွေ့ရှိခြင်းဖြင့် ဆီးကျိတ်မှာ ကင်ဆာဆဲလ်များကြောင်း အမြှေးအိတ်ပေါက်ကာ သွေးအတွင်းရောက်ရှိနေကြောင်း ပြသနေခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးနိုင်သဖြင့် အမေရိကန်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၃၉၀၀၀-အနက် ၂၇၀၀၀-ကို အသက်ကယ်နိုင်ခဲ့သည်။ ထို့ပြင် အနည်းဆုံးတနှစ်လျှင် တကြိမ်ခန့် စအိုမှ စစ်ဆေးခြင်း ပြုလုပ်သင့်သည်။ ပျော့ပျောင်း၍ 
ရော်ဘာကဲ့သို့ ဖြစ်နေရမည့် ဆီးကျိတ်သည် မာ၍ ကြယ်သီးအရွယ်ဖြစ်နေပါက ဆီးကျိတ်တွင် ကင်ဆာဖြစ်နေကြောင်း သိရမည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ထို PSA စမ်းသပ်နည်းမှာ အထူးခေတ်စားနေပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဆီးကျိတ်ကင်ဆာဖြင့် သေဆုံးနိုင်မည့်သူ လူဖြူ ၁၆-ရာခိုင်နှုန်း၊ လူမည်း ၁၁-ရာခိုင်နှုန်းခန့်ကို ကယ်နိုင်ခဲ့သည်။


ဆီးကျိတ်---
ဆီးကျိတ်သည် ဝမ်းဗိုက်အောက်ပိုင်း ဆီးအိမ်အောက်ခြေလည်တိုင်တွင် ဆီးအိမ်၏ အဝ ကျင်ချောင်းကို ပတ်ထားသည်။ နီညိုရောင်ရှိ၍ ဝက်သစ်ချသီးအရွယ် အလေးချိန် ၁၅-ဂရမ်ခန့်ရှိသည်။ အချို့က ဗာဒံသီး အရွယ်ခန့်ဟု ဆိုကြသည်။ ဆီးကျိတ်သည် အဖိုမျိုးပွားအင်္ဂါအတွက် အရေးကြီးသော အဖိုဂလင်းဟုလည်း
ခေါ်နိုင်သည်။ သုက်ရည်သိုလှောင်ထားရာ အင်္ဂါဖြစ်ပြီး ဝှေးစေ့များက သန်း ၂၀၀-မျှသော ဖိုမျိုးပွားဆဲလ် (Sperm) များ ထုတ်ပေးသောအခါ ဆီးကျိတ်မှ ထိုသုက်ရည်ကို ထုတ်ပေးရသည်။ ထိုအရည်ဖြင့် မျိုးပွားဆဲလ်များအားပျော်စေပြီး၊ မ ယောနိလမ်းကြောင်းရှိ အက်စစ်ဓာတ်များကို သမသွားစေသည်။ ထို့နောက် သုက်ရည်က ကြားခံရည်အဖြစ် မျိုးပွားဆဲလ်များကို မမျိုးဥထဲရောက်ရှိစေရန် ဆောင်ရွက်ပေးသည်။ ထိုသုက်ရည်တွင် ပရိုတိန်းဓာတ်များ၊ အင်ဇိုင်းများ၊ အဆီများနှင့် သကြားများ ပါဝင်သဖြင့် သုက်ပိုးများကို အားဖြည့်ပေးသကဲ့သို့လည်း ဖြစ်သည်။


ဆီးကျိတ်တွင် အဖုသုံးခုပါဝင်၍ အမြှေးအိတ်ဖြင့် ဖုံးအုပ်ထားသည်။ ကျင်ချောင်းသည် အလယ်အဖုလုံးကို ဖြတ်သန်းသွားသည်။ အသက်ကြီးလာသဖြင့် ဝှေးစေ့ဟော်မုန်းများ ထုတ်လုပ်မှု ကျဆင်းလာသောအခါ ဆီးကျိတ်သည် အရွယ်ကြီးလာတတ်သည်။ ဒုက္ခပေးနိုင်လောက်သည်အထိ ကြီးထွားလာသော ဆီးကျိတ်မှာ အသက် ၅၀-နှစ်တွင် ၂၀-ရာခိုင်နှုန်း၊ အသက် ၇၀-နှစ်တွင် ၅၀-ရာခိုင်နှုန်း၊ အသက် ၈၀-နှစ်တွင် ၈၀-ရာခိုင်နှုန်းရှိသည်ဟု သိရသည်။


သင်းကွပ်ထားသူများတွင်မူ ကြီးထွားမှုမရှိကြောင်း တွေ့ရသည်။ ရိုးရိုးဆီးကျိတ်ကြီးခြင်းထက် ကင်ဆာဖြစ်ပွားမှုကြောင့် ကြီးထွားနေခြင်းသည် အလွန်အန္တရာယ်ကြီးသည်။ ဆီးကျိတ်ကင်ဆာရောဂါဖြင့် ဆေးရုံရောက်သူ ၂၀-ဦးတွင် ၁၉-ဦးမှာ ခွဲစိတ်ကုသရန် အချိန်နှောင်းနေတတ်ကြောင်း သိရသည်။ အသက် ၅၀-နှစ်အရွယ်တွင် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ရန် ၅-ရာခိုင်နှုန်း၊ အသက် ၇၀-နှစ်တွင် ၅၀-၅၅-ရာခိုင်နှုန်း အလားအလာရှိသည်။ မျိုးရိုးလိုက်၍လည်း ဖြစ်တတ်သည်။ ဖော်ပြခဲ့သည့်အတိုင်း ကြိုတင်စမ်းသပ်စစ်ဆေးပြီး သိရှိရပါက ကောင်းစွာပျောက်ကင်းအောင် ကုသနိုင်သည့်ခေတ် ရောက်နေပြီ ဖြစ်သည်။


“ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး”ဆိုသည့်အတိုင်း ယောက်ျားများအတွက် ဆီးနှင့်ပတ်သက်သော ရောဂါဘယများ ထူပြောတတ်သည်။ အထူးသဖြင့် ဆီးကျိတ်မှာ ဖိုမျိုးပွားအင်္ဂါ ဖြစ်သော်လည်း ဆီးလမ်းကြောင်းတွင် တည်ရှိရာ ဆီးနှင့်ပတ်သက်သော ရောဂါဟုဆိုလျှင်လည်း ဆိုနိုင်ပါသည်။ နိုင်ငံအသီးသီးတွင် ထိုရောဂါကို ကုသမှုထက် ကြိုတင်စစ်ဆေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်လျက်ရှိနေပြီ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် လူ့အသက်ပေါင်းများစွာ ချမ်းသာရာ ရနေပြီလည်း ဖြစ်သည်။ 


ထို့ကြောင့် ---
၁။ အသက် ၄၀-ကျော်သူတိုင်း နှစ်စဉ် သွေးစစ်ဆေးခြင်း PSA လုပ်သင့်သည်။
၂။ စအိုမှ စစ်ဆေးခြင်းကိုလည်း တနှစ်လျှင် တကြိမ် (သို့) နှစ်ကြိမ်ခန့် စစ်ဆေးသင့်သည်။
၃။ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို သင့်တင့်သောအတိုင်းအတာအထိသာ သုံးဆောင်သင့်သည်။
၎။ ဆေးဆိုးထားသော အစားအစာများ၊ မီးကင် ကျပ်တင်ထားသော အသား ငါးများ၊ ထပ်တလဲလဲ ကြော်ထားသော ဆီချက်များဖြင့်  ချက်ပြုတ်ထားသည့် အစားအစာများ၊ ကြာရှည်စွာ သိုလှောင်ထားနိုင်ရန် စီမံထားသော အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။


ယခုအခါ ထိုသွေးစစ်ဆေးခြင်းကို ကျွန်တော်တို့နိုင်ငံတွင်လည်း လုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းရရှိပါသည်။ အဆိုပါ PSA စမ်းသပ်ခြင်းကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းကြီးတချို့တွင် စမ်းသပ်စစ်ဆေးနေပြီဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် မှန်မှန်ဆေးစစ်ခံခြင်း၊ ဆရာဝန်မျးနှင့်  တိုင်ပင်ဆွေးနွေးခြင်း စသည်များ လုပ်လေ့လုပ်ထ မရှိကြပါ။ အထူးသဖြင့် ထိုဆီးကျိတ်ကင်ဆာ
ရောဂါသည် ယောက်ျား ၆-ယောက်တွင် ကင်ဆာရောဂါဖြစ်လျှင် တယောက်မှာ ထိုရောဂါဖြစ်တတ်ကြောင်း သိရသည်။ ဖြစ်ပွားမှုနည်းသည်ဟုလည်း မဆိုင်နိုင်ပါ။ ထူးခြားသည်မှာ ထိုရောဂါသည် အခြားကင်ဆာရောဂါ များကဲ့သို့ ပျံ့နှံ့မှု မမြန်၊ နှေးကွေးသည်ဟုဆိုသည်။ ထို့ကြောင့် မကြီးထွား မပျံ့နှံ့မီ ကြိုတင်စစ်ဆေးသိရှိ ထားနိုင်လျှင် ထိရောက်စွာကုသခြင်းဖြင့် ပျောက်ကင်းနိုင်သည့် အလားအလာကောင်းရှိသည်။ ဆီးကျိတ်သည် ရော်ဘာကဲ့သို့ မမာ မပျော့ ဖြစ်သည်။ မိမိ၏ လိင်တံအရင်းကို စမ်းကြည့်၍ ကြယ်သီးကဲ့သို့ မာနေပြီဆိုလျှင် ဆရာဝန်ထံ အမြန်သွားသင့်ပြီဖြစ်သည်။ အထက်ဖော်ပြပါကဲ့သို့ ကြိုတင်စစ်ဆေးခြင်းတို့သည် အမှန်တကယ်အကျိုးရှိ၍ အမျိုးသားများအတွက်လည်း ထိုရောဂါအန္တရာယ်ဆိုးကြီးမှ လွတ်မြောက်နိုင် ပါကြောင်း ရေးသားလိုက်ရပေသည်။


ဒေါက်တာ မြင့်သန်း(ညောင်လေးပင်)

အသက်ရှုခြင်း

အသက်ရှင်နေထိုင်လျက်ရှိကြသော လူအားလုံးတို့သည် “အသက်ရှူခြင်း လုပ်ငန်းကို မလွဲမသွေ လုပ်ဆောင်လျက် ရှိကြသည်၊ “အသက်ရှူခြင်း”ကို အကြမ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပါလျှင် “ခန္ဓာကိုယ်သည် လိုအပ်သော အောက်ဆီဂျင်ကို ရယူ၍ မလိုအပ်တော့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ်ခြင်း” ဖြစ်ပါသည်။

လူတယောက်သည် လေထဲမှ အောက်ဆီဂျင်ကို ရယူသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထဲသို့ပင်
ပြန်လည်စွန့်ပစ်သည်။ ငါးတကောင်သည် ယင်း၏ ပတ်ဝန်းကျင်ဖြစ်သော ရေထဲမှ အောက်ဆီ၈ျင်ကို ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရေထဲသို့ပင် စွန့်ပစ်၏။ လူသည် အသက်ရှူရန် အဆုတ်တစုံကို အသုံးပြုသည်။ ငါးသည် ပါးဟက်ကို သုံးသည်။

ဖားတကောင်သည် ကုန်းပေါ်၌နေစဉ် လေထဲမှ အောက်ဆီဂျင်ကို ရယူနိုင်ပြီး ရေထဲ၌ နေစဉ် ရေမှ
အောက်ဆီဂျင်ကို ရယူနိုင်သည်။ ဖားသည် လေမှ အောက်ဆီဂျင်ကို ရယူရန် အဆုတ်ကိုသုံး၍
ရေမှ အောက်ဆီဂျင် ရယူရန် အရေပြားကို အသုံးပြုလေသည်။ သို့အတွက် ဖားသည် ကုန်း၌၄င်း၊ ရေ၌၄င်း၊ အသက်ရှူနိုင်စွမ်း ရှိသည်။ သို့သော် လူသည် ရေ၌ အသက်မရှင်နိုင်.၊ ငါးသည်လည်း ကုန်း၌ အသက်မရှင်နိုင်ချေ။

အောက်ဆီဂျင် ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်းကို “အသက်ရှူခြင်း”ဟု ယေဘုယျသဘောအားဖြင့် ဆိုနိုင်သော်လည်း ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပြီးပြည့်စုံခြင်း မရှိသေးပေ။ အမှန်စင်စစ် အောက်ဆီဂျင်ကို တိုက်ရိုက်အသုံးပြုသည်မှာ ကလာပ်စည်းခေါ် ဆဲလ်များပင်ဖြစ်၏။ ထိုအတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ် ကြသည်မှာလည်း ကလာပ်စည်းများပင် ဖြစ်၏။ အဆုတ်မှ ကလယ်စည်းများသို့ အောက်ဆီဂျင်ရောက်စေ 
ရန်နှင့် ကလာပ်စည်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အဆုတ်ထံ ရောက်စေရန် “သွေးလှည့်ပတ်ခြင်း”ဖြင့် ပို့ဆောင်ပေးရသေးသည်။

သို့ဖြစ်ရာ အသက်ရှူခြင်းတွင်--
၁။ အဆုတ်မှ အောက်ဆီ၈ျင်ရယူခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်း။
၂။ အဆုတ်နှင့် သွေးအကြား အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်း။
၃။ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို သွေးမှသယ်ဆောင်ပေးခြင်း။
၎။ ကလာပ်စည်းနှင့် သွေးအကြား အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်း။
၅။ ကလာပ်စည်းများမှ အောက်ဆီဂျင်ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်းဟူ၍ အဆင့်ငါးဆင့် ပါဝင်သည်။

လူတယောက်၏ အသက်ရှူနှုန်းသည် တမိနစ်လျှင် ၁၀-ကြိမ်မှ ၁၈-ကြိမ်ကြားတွင် ရှိရမည်ဖြစ်သည်။ ကလေးငယ်များ၏ အသက်ရှူနှုန်းသည် လူကြီးများထက် မြန်သည်။ မွေးကင်းစ ကလေးငယ်တဦးသည် တမိနစ်တွင် အကြိမ် ၄၀-မျှ အသက်ရှူကြောင်း တွေ့ရပါသည်။

လူတယောက်သည် တကြိမ်အသက်ရှူလျှင် လေ ၅၀၀-စီစီမျှသည်။ ထို့ကြောင့် တမိနစ်လျှင် ပျှမ်းမျှ အသက်ရှူနှုန်း “၁၂”ကြိမ်ရှိပါက အဆုတ်နှင့် လေထုကြား လေဖလှယ်မှုမှာ တမိနစ်အတွင်း ခြောက်လီတာမျှ ရှိမည်ဖြစ်၏။ လူတယောက်၏ အဆုတ်တစုံသို့ လေအပြည့်ဖြည့်ကြည့်ပါက စုစုပေါင်း ခြောက်လီတာမျှပင် ဆန့်ဝင်ကြောင်း တွေ့ရပါမည်။
ကလာပ်စည်းများ အသက်ရှင်နေနိုင်ရေးအတွက် အဓိက လိုအပ်သည်မှာ အောက်ဆီဂျင်ဖြစ်သည်။
အောက်ဆီဂျင် မရှိလျှင် ကလာပ်စည်းများ အသက်မရှင်နိုင်။ တနည်းဆိုရသော် လူတို့ အသက်မရှိနိုင်။ ထိုအောက်ဆီဂျင်ကို လေထုမှ ရယူပေးရ၏။ လေထုတွင် အောက်ဆီဂျင် ပါဝင်မှုမှာ ၂၀-ရာခိုင်နှုန်းခန့် ဖြစ်ပါသည်။ လေထု၏ဖိအားကို ၇၆၀-မီလီမီတာ ပြဒါး (760-mm Hg) ဟု သတ်မှတ်သည်။ ထို့ကြောင့် လေထုရှိ အောက်ဆီဂျင်၏ ဖိအားပမာဏမှာ ၁၅၅-မီလီမီတာ ပြဒါးခန့် ဖြစ်သည်။

သွေးတွင် အောက်ဆီဂျင်ပါဝင်မှုကို ကြည့်ပါလျှင် သွေးလွှတ်ကြော၌ရှိသောသွေး (Arterial Blood)တွင် ၁၉.၈ စီစီ ရာခိုင်နှုန်းရှိပါသည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ ၁၀၀-စီစီမျှသော သွေးများ ကလာပ်စည်းသို့ ရောက်ရှိ သွားသောအခါ (၁၉.၈-၁၅.၂) ၄.၆ စီစီမျှသော အောက်ဆီဂျင်ကို ကလာပ်စည်းများမှ ရယူလိုက်နိုင်သည်။ ခန္ဓာကိုယ်၌ တမိနစ်အတွင်း သွေးလှည့်ပတ်မှုပမာဏမှာ ၅.၅ လီတာခန့် ရှိပါသည်။ အထက်ပါကိန်းဂဏန်းများအရ တွက်ချက်ကြည့်ပါမူ လူတယောက်သည် တမိနစ်လျှင် ၂၅၀-စီစီမျှသော အောက်ဆီဂျင်ကို သုံးစွဲလျက် ရှိသည်။

အောက်ဆီဂျင်သည် ကလာပ်စည်းများ၏ လုပ်ငန်းများအတွက် အရေးကြီးပါသည်။ ကလာပ်စည်းများသည် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စွမ်းအင်လိုအပ်သည်။ စွမ်းအင်ရရန် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း နှင့် အဆီတို့ကို ဖြိုခွဲရမည်ဖြစ်၏။ ထိုသို့သော လုပ်ငန်းများအတွက် အောက်ဆီဂျင်သည် အဓိကလိုအပ်သော ပစ္စည်းဖြစ်သည်။ ဇီဝဖြစ်စဉ်များသည် အဓိက အညစ်အကြေးအဖြစ် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို သွေးမှပင် သယ်ဆောင်၍ အဆုတ်မှတဆင့် စွန့်ပစ်ပေးရ၏။

အောက်ဆီဂျင်ကို သယ်ယူရာတွင် သွေး၏ ရေတွင် ပျော်ဝင်လျက်သော်၎င်း၊ သွေးနီဥများတွင် ရှိသော ဟေမိုဂလိုဘင် Haemoglobin နှင့် ပေါင်းစပ်၍သော်၎င်း သယ်ဆောင်ခြင်း ဖြစ်၏။ အဓိကအားဖြင့် ဟေမိုဂလိုဘင်နှင့် ပေါင်းစပ်၍သယ်ပါသည်။ သွေးအားနည်း (Anaemia) သူတယောက်တွင် အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု စွမ်းအား ညံ့ဖျင်းသွားကြသည်။ သို့အတွက် ကလာပ်စည်းများသည် လုံလောက်သော အောက်ဆီဂျင်ကို မရရှိနိုင်ကြတော့ပေ။ အောက်ဆီဂျင် လုံလောက်စွာ မရရှိမှုကြောင့် မူးဝေခြင်း၊ မောပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ရင်တုန်ခြင်း စသည့် ဝေဒနာလက္ခဏာများ ခံစားကြရနိုင်ပါသည်။

အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ အလွန်အကျွံ သွေးအားနည်းခြင်း၊ သတိလစ်မေ့မျောခြင်းတို့ဖြင့် ဆေးရုံသို့
ရောက်ရှိလာသော လူနာအများအား အောက်ဆီဂျင်ပေး၍ ကုသရတတ်သည်ကို စာဖတ်သူများ မြင်တွေ့ဖူးကြပါလိမ့်မည်။ အောက်ဆီဂျင်သည် မည်၍မည်မျှ အရေးကြီးသည် ဆိုခြင်းကို အားလုံးနားလည်ကြပြီး ဖြစ်ပါသည်။

ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို ရယူပေးလျက်ရှိသော “အဆုတ်”တစုံမှာ အခြား လုပ်ငန်း တာဝန်ပေါင်းများစွာ ရှိနေသေးသည်ကို ဗဟုသုတအဖြစ် တင်ပြချင်ပါသည်။
၁။ အဆုတ်သည် ခန္ဓာကိုယ် အပူချိန် ထိန်းညှိရာတွင်လည်း ပါဝင်ပါသည်။ အထူးသဖြင့် ဤတာဝန်မှာ တိရစ္ဆာန်များတွင် ပို၍ အရေးကြီးသည်။ (Thermal Balance)
၂။ အဆုတ်သည် ခန္ဓာကိုယ်၌ ရေမျှတမူရှိစေရန် ထိန်းသိမ်းခြင်းနှင့်လည်း စပ်ဆိုင်ပါသည်။ နေ့စဉ် အဆုတ်တစုံမှာ ၃၀၀-စီစီမျှသောရေဆုံးရှုံးမှု ရှိနေပါသည်။ (Water Balance)
၃။ အဆုတ်သည် ခန္ဓာကိုယ်၏ ခုခံကာကွယ်ရေးစနစ်တွင်လည်း ပါဝင်သည်။ လေထုထဲမှ ပါလာသော
ရောဂါပိုးမွှားများကို ကာကွယ်တာဆီးပေးနိုင်စွမ်း ရှိသည်။ ခန္ဓာကိုယ် နေရာအနှံ့အပြားမှ သွေးကြောထဲတွင် ပါလာနိုင်သော သွေးခဲ အစအနများကို ဦးနှောက်သို့ ရောက်ရှိမသွားစေရန် စစ်ယူပေးပါသည်။ (Protective Function)
၎။ ခန္ဓာကိုယ်၌ လိုအပ်သော ဓာတ်ပစ္စည်း တချို့ကို တည်ဆောက်ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။ (Synthetic Function)
၅။ ခန္ဓာကိုယ်မှ ထွက်ရှိသော ပစ္စည်းတချို့ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါသည်။ (Metabolic Function)
၆။ အဆုတ်တစုံသည် အခြားသောလုပ်ငန်းများ လုပ်နိုင်ပါသေးသည်။ အသေးစိတ် ဖော်ပြရန် မလွယ်ကူသဖြင့် ချန်လှပ်ထားခဲ့ခြင်း ဖြစ်ပါသည်။

လူတိုင်း အသက်ရှင်ရန် အသက်ရှူနေကြရသည်။ အသက်ရှူခြင်းနှင့် ပတ်သက်၍ ထူးခြားမှု တခုကို ဆက်လက်တင်ပြလိုပါသည်။ အသက်ရှူရန် နံရိုးများ (Ribs) ကြားရှိ ကြွက်သားများ၊ ဝမ်းခေါင်းသား (Diaphragm) နှင့် အခြားကြွက်သား အချို့က လုပ်ဆောင်ပေးရသည်။ အထက်ဖော်ပြပါ ကြွက်သားများသည် အလိုအလျောက် မသိစိတ် (Invountary) (Automatic) လုပ်နိုင်သကဲ့သို့ ဆန္ဒစိတ် (သိစိတ်) Voluntary) လည်း ပြုလုပ်နိုင်ကြသည်။ သာမန်အားဖြင့် အသက်ရှူခြင်းသည် အလိုအလျောက် ဖြစ်နေသော
ဖြစ်စဉ်တခုသာ ဖြစ်သည်။ အသက်ရှူခြင်းသည် အလိုအလျောက် မသိစိတ်နှင့် စိတ်ဆန္ဒ (သိစိတ်) နှစ်မျိုးစလုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ထူးခြားသည့် ဖြစ်စဉ်တခု ဖြစ်လေသည်။

ဒေါက်တာ အေးကျော် (ဇီဝကမ္မ)

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်လဲ


၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။
အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့  ပထမဆုံးအကျိုးကျေးဇူးကတော့ စိတ်ဖိစီးမှုတွေ လျော့နည်းလာခြင်းပါပဲ။
လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

၂။ ဦးနှောက်စွမ်းရည် တိုးတက်စေမယ်။
စိတ်ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ဦးနှောက် ဉာဏ်စွမ်းရည် လျော့နည်းမှု ဆက်စပ်မှုရှိကြောင်း လေ့လာချက်တချို့အရ သိရှိခဲ့ရသလို အပန်းဖြေခရီးထွက်ခြင်းဟာ ဦးနှောက်မှတ်ဉာဏ် စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

၃။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။
နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရာကနေ အပန်းဖြေခရီး ထွက်လိုက်တဲ့အခါမှာတော့ သင်ဟာ အိပ်ရေး၀၀အိပ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့အကျင့်ကို ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် နာကျင်ကိုက်ခဲမှုတွေလည်း လျော့နည်းလာနိုင်ပါတယ်။ လေကောင်းလေသန့်လည်း ရရှိစေတဲ့အတွက် ပိုပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။

၎။ မိသားစု သံယောဇဉ်ကြိုး ခိုင်မာစေတယ်။
နေ့စဉ်နေ့တိုင်း ကျောင်းသွားလိုက်၊ ရုံးသွားလိုက်နဲ့ မိသားစုဝင်အချင်းချင်း တယောက်နဲ့တယောက် တွေ့ဆုံကြတဲ့အချိန်က ရှားပါးလွန်းပါတယ်။ မိသားစုနဲ့ အပန်းဖြေခရီးထွက်တဲ့အခါ မိသားစုဝင်အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ခင်မှုတွေရကာ အမှတ်တရ ဖြစ်ရပ်လေးတွေနဲ့ သံယောဇဉ်ကြိုး မြဲမြံလာစေ နိုင်ပါတယ်။ ဒီလိုပဲ မိတ်ဆွေအချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုပိုကာ ပိုခင်မင်လာနိုင်ပါတယ်။

၅။ ဘ၀မှာ ပိုနေပျော်လာတယ်။
အပန်းဖြေခရီး ထွက်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးပွားပြီး အတွေ့အကြုံအသစ်တွေ ခံစားရနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုကတည်းက ဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တဲ့အတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရယ်မောလာနိုင်ကာ ကိုယ်နှစ်သက်ရာ လုပ်နိုင်ကြပါတယ်။

ဆောင်သွားတဲ့တဲ့ အရာများ---
ငွေကြေး၊ အ၀တ်အစားနဲ့ နေ့စဉ်အသုံးအဆာင် ပစ္စည်းများအပြင် ယူဆောင်သွားသင့်တဲ့ တခြားပစ္စည်း များနဲ့ ဆေးဝါးများကတော့-
* အနာတရဖြစ်ရင် ကပ်ဖို့ ပလတ်စတာများ၊
* ဒဏ်ရာအသေးစားအတွက် အရက်ပြန် အနည်းငယ်၊ ပတ်တီးနဲ့ ဂွမ်းတချို့၊
* အနာလိမ်းဆေး ခရမ် (ဘီတာဒိုင်း၊ ရွှေဝါလိမ်းဆေး၊ Tetracycline မျက်စဉ်းဆေး)
* ပိုးမွှားကိုက်တဲ့ ယားနာတွေ သက်သာစေဖို့အတွက် Calamine lotion.
* ကိုက်ခဲနာကျင်မှုကို ပျောက်ကင်းသက်သာစေနိုင်တဲ့ ပါရာစီတမော တို့လို အနာသက်သာဆေးဝါးများ၊
* နှာစေး၊ ချောင်းဆိုးခြင်းနဲ့ ဓာတ်မတည့် ယားယံခြင်းတို့ကို သက်သာစေနိုင်တဲ့ Antihistamine  
   အမျိုးအစားဆေးဝါးများ (ဥပမာ-ဘာမီတွန်၊ Cetrizine)
* အစာမကြေ၊ လေထိုး၊ လေအောင့်တာတွေ သက်သာစေဖို့အတွက် အစာကြေဆေးဝါးများ 
   (ဥပမာ-Antacid, Kremils)
* ၀မ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ သောက်ဖို့အတွက် BPI ဓာတ်ဆေးထုပ်များ၊
* ကားမူး၊ လေယာဉ်မူး၊ သင်္ဘောမူး စတာတွေကို ကာကွယ်သက်သာစေဖို့အတွက် 
   Stemetil, Emidoxin တို့လို ဆေးဝါးများ။
* ကတ်ကြေးနဲ့ ဇာဂနာ။
* နေလောင်ကာ လိမ်းဆေး။
* အမူးအမော်တွေ သက်သာစေဖို့ ရှူဆေး။
* လက်နှိပ်ဓာတ်မီး။
* အမျိုးသမီးများအတွက် အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်။
ပုံမှန် ဆေးဝါးမှီဝဲသောက်သုံးနေရသူများ ကိုယ်သောက်နေကျဆေးဝါးတွေကို ယူဆောင်သွားဖို့ မမေ့ပါနဲ့။ ကိုယ်နဲ့မကွာ ဆောင်ထားပါ။ ခရီးမထွက်ခင်မှာ ရောဂါအခြေအနေသိရအောင် Medical Check-up လုပ်ပြီး စိတ်ချရတဲ့ အခြေအနေရှိမှသာ ခရီးသွားပါ။

ရင်ကျပ်ပန်းနာရောဂါသည်များ ရင်ကျပ်ပျောက်ဆေး၊ ရှူဆေး (Asthmainhaler) တွေကို ယူဆောင်သွားဖို့ မမေ့ပါနဲ့။ သင်သောက်နေကျ ဆေးဝါးတွေရဲ့ ဆေးဝါးအမည် (ဆေးဝါးအမှတ်တံဆိပ်မဟုတ်ပါ) တနေ့လျှင် သောက်ရမယ့် ပမာဏနဲ့ အကြိမ်အရေအတွက်ကို သေချာရေးမှတ်ထားပါ။ ဒါမှ ဆေးပျောက်သွားတဲ့အခါပဲ ဖြစ်ဖြစ်၊ ကုန်သွားတဲ့အခါပဲ ဖြစ်ဖြစ် ၀ယ်ပြီး သောက်လို့ရမှာပါ။ ဖြစ်နိုင်ပါက သင်ရဲ့ ဆေးကုသမှုမှတ်တမ်းစားရင်းကို ခရီးသွားတဲ့အခါ ဆောင်သွားသင့်ပါတယ်။

လူအများနဲ့ ခရီးသွားပါက ---
ကိုယ်ပိုင်ကားနဲ့ မဟုတ်ဘဲ ခရီးသွားကား၊ ရထား၊ သင်္ဘောနဲ့ လေယာဉ်စတဲ့ လူအများနဲ့သွားရတဲ့ ယာဉ်တွေနဲ့ ခရီးသွားမယ်ဆိုပါက ကိုယ်ကြိုက်တဲ့အချိန်သွား၊ ကြိုက်တဲ့နေရာမှာ ရပ်ဖို့မဖြစ်နိုင်တဲ့အတွက် လူများအနေနဲ့ လိုက်လျောညီတွေနေတတ်မှ ဖြစ်ပါမယ်။ အဲဒီလို ခရီးသွားတဲ့အခါ သိရမယ့်အချက်များကတော့-
* ကားဂိတ်၊ ဘူတာရုံ၊ လေဆိပ် ဒါမှမဟုတ် ချိန်းဆိုထားတဲ့နေရာကို အချိန်အစောကြီး ကြိုရောက် နေအောင် ကြိုးစားပါ။ အချိန်ကပ်မှ ရောက်ပါက စိတ်လောနေရပြီး စိတ်ပင်ပန်းဆင်းရဲမှုကို ဖြစ်စေနိုင်ပါတယ်။
* အိမ်ကမထွက်မီ လိုအပ်တဲ့အရာများကို သေချာစစ်ပါ။ ခရီးမထွက်မီ တရက်လောက် လိုကတည်းက ယူသွားမယ့်ပစ္စည်းများစာရင်းကို ရေးမှတ်ထားကာ မသွားမီတခေါက်လောက် ပြန်စစ်ပါ။
* ကားလက်မှတ်၊ ရထားလက်မှတ်၊ လေယာဉ်လက်မှတ် ပါ-မပါ၊ မှတ်ပုံတင်၊ Passport ပါ-မပါ၊ ပိုက်ဆံ အလုံအလောက် ပါ-မပါ သေချာပြန်စစ်ပါ။
* ကိုယ်နဲ့မကွာ ဆောင်ထားသင့်တဲ့ ဆေးဝါးများ၊ ပစ္စည်းများကို ကိုယ်ရဲ့လက်ကိုင်အိတ်ထဲ ထည့်ထားပါ။
* အစာစားဖို့၊ အပေါ့အပါးသွားဖို့ ကားရပ်ပေးတဲ့အခါ မဆာပေမယ့်လည်း စားထားပါ၊ မသွားချင်ပေမယ့် သွားထားပါ။ မဟုတ်ရင် လမ်းတ၀က်ရောက်မှ ဒုက္ခရောက်နေပြီး ကိုယ့်အတွက်နဲ့ အများတကာ ခရီးဖင့်နေရပါလိမ့်မယ်။
* ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ချည်းပဲ သွားတာမျိုးမဟုတ်တဲ့ အခါ စကားအကျယ်ကြီး ပြောခြင်း၊ အားရပါးရ ရယ်မောခြင်းကို ပြုလုပ်ပါက အများတကာ အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ ရှောင်ရှားပါ။
* ကျန်းမာရေး-ဆိုပြီး ကားရပ်ပေးတဲ့အခါ ကိုယ်ကမသွားချင်သေးလည်း အညောင်းပြေ အညာပြေ လမ်းထလျှောက်ပေးသင့်ပါတယ်။ 

လေယာဉ်ပျံစီးတဲ့အခါ---
* လေယာဉ်ပျံအတက်နဲ့ အဆင်းမှာ နားအူတာမျိုးမဖြစ်အောင် သကြားလုံးငုံပြီး စုပ်နေပါ။ ဒါမှမဟုတ် ပီကေ၀ါးစားနေပါ။ နှာခေါင်းကို ဖိကိုင်ထားပြီး ပါးစပ်ကိုပိတ်ကာ လေမှုတ်ထုတ်ကြည့်ရင်လည်း သက်သာလာနိုင်ပါတယ်။
* သင်ရဲ့ လုံခြုံမှုအတွက် အကြံပေးချက်တွေနဲ့ အရေးပေါ်အခြေအနေတွေမှာ ပြုလုပ်ရမယ့် ညွှန်ကြားချက်တွေကို အသေအချာ ဂရုစိုက်နားထောင်ပေးပါ။
* လေယာဉ်ပျံ စီးနေတုန်း ရေများများသောက်ပေးပါ။ တနာရီကို ရေ ဖန်ခွက်တခွက်နှုန်း ဒါမှမဟုတ်-နှစ်ခွက်နှုန်း သောက်ပေးသင့်ပါတယ်။ လေယာဉ်စီးနေတဲ့အခါ ရေဓာတ်ခန်းခြောက်မှုတွေ ဖြစ်လာနိုင်လို့ပါ။
* လေယာဉ်ပျံစီးနေတုန်း အရက်တို့၊ ကဖင်းပါတဲ့ အရည်တို့ကို ရှောင်ရှားသင့်ပါတယ်။ အရက် ဒါမှမဟုတ် ကော်ဖီအသောက်များပါက နှလုံးခုန်မမှန်တော့တာတို့၊ နှလုံးခုန် မြန်လာတာတို့ ဖြစ်တတ်ပါတယ်။ ရေဓာတ်ကိုလည်း ပိုမိုခန်းခြောက်လာစေနိုင်ပါတယ်။
* လေယာဉ်ထဲရှိ လေရဲ့အောက်ဆီဂျင်ပမာဏဟာ သာမန်လေထဲရှိ အောက်ဆီဂျင် ပမာဏထက် အနည်းငယ် နည်းပါးတဲ့အတွက် နှလုံးရောဂါနဲ့ အဆုတ်ရောဂါရှိသူတွေ ရောဂါဝေဒနာ အနည်းငယ် ပိုခံးစား ရနိုင်ပါတယ်။ ဒါကြောင့် ရောဂါဝေဒနာ သက်သာနိုင်တဲ့ ဆေးဝါးတွေကို ကိုယ်နဲ့မကွာ ဆောင်ထားသင့်ပါတယ်။
* လေယဉ်အကြာကြီးစီးတဲ့အခါ မလှုပ်ရှားဘဲနေပါက ဖြေဖ၀ါးဖူးရောင်ခြင်း၊ အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနဲ့ အစာမကြေခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တနာရီလောက်ကြာတိုင်း ထိုင်ခုံနေရာမှထကာ ဆယ်မိနစ်ခန့် လမ်းထလျှောက်ပါ။ အကြောတွေပါ ဆန့်ထုတ်လိုက်ပါ။
* ထိုင်ခုံမှာ ထိုင်နေတဲ့အခါမှာလည်း ခြေထောက်ကို စက်ဘီးစီးသလို နှိမ့်လိုက်မြင့်လိုက်နဲ့ လှုပ်ရှားပေးပါ။ ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။

အစားအသောက် စားသောက်တဲ့အခါ---
* ရေသန့်ဘူးသာ ၀ယ်သောက်ပါ။ ရေခဲထည့်ပြီး သောက်ရတဲ့ အအေးမျိုး မသောက်ပါနဲ့။ အလုံပိတ်ထားတဲ့ ရေခဲစိမ်ပုလင်း၊ ဒါမှမဟုတ်-သံဘူးများကိုသာ သောက်ပါ။
* သစ်သီးဖျော်ရည်တွေထဲမှာ ထည့်ဖျော်ထားတဲ့ ရေခဲနဲ့ရေက သန့်-မသန့် မသိနိုင်တဲ့အတွက် မသောက်တာ အကောင်းဆုံးပါ။
* လူစိမ်း သူစိမ်းကကျွေးတဲ့ အရည်တွေ မသောက်ပါနဲ့၊ အိပ်ဆေးခတ်ပြီး ပစ္စည်းလုယူသွားတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။
* လက်ဖက်ရည်တို့၊ ကော်ဖီတို့ကတော့ ရေနွေးနဲ့ဖျော်ထားတာဖြစ်တဲ့အတွက် သောက်လို့ရပါတယ်။
* ရေသန့်ဘူးကြီးကြီး ဆောင်သွားပြီး မကြခဏ ရေသောက်ပေးပါ။
* အစားအစာ စားသောက်တဲ့အခါ ချက်ထား၊ ပြုတ်ထား ဒါမှမဟုတ် အခွံခွာလို့ရတဲ့ အစာကလွဲရင် ဘာမှမစားပါနဲ့။
* ပင်လယ်စာတွေ စားတဲ့အခါ ဆိုင်သန့်သန့်မှာသာ ရွေးစားပါ။ လတ်ဆတ်တဲ့ ဂဏန်း၊ ငါး၊ ခုံး၊ ပုစွန် တို့ကိုသာ စားပါ။ စားလို့ကောင်းတိုင်း အလွန်အကျွံ မစားမိပါစေနဲ့။
* အာဟာရပြည့်ဝအောင် စားပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ထမင်း မျှတအောင် စားပါ။
* လမ်းဘေးဆိုင်က ဘယ်တော့မှ ၀ယ်မစားပါနဲ့။
* အစာမစားမီ လက်ကို သန့်ရှင်း စင်ကြယ်အောင် သေချာဆေးကြောပါ။ ခရီးသွားတဲ့အခါ လက်မှာ ဖုန်တွေအများကြီး ကပ်ငြိနေနိုင်လို့ပါ။

မတော်တဆ ထိခိုက်မှုတွေ မဖြစ်အောင်---
* အရက်မူးပြီး ကားမမောင်းပါနဲ့။
* အရက်မူးပြီး ရေဆင်း မကူးပါနဲ့။
* ပင်လယ်ထဲ ရေဆင်းကူးတဲ့အခါ လူရှိတဲ့အချိန်မှာ ကူးပါ။ လူအများနဲ့ ဝေးတဲ့နေရာမှာ တယောက်တည်း သွားမကူးပါနဲ့။
* အတင့်ရဲပြီး  ရေအရမ်းနက်တဲ့ နေရာကို သွားမကူးပါနဲ့။
* ကိုယ်မသိတဲ့ အရပ်ဒေသမှာ ညဘက် မိုးချုပ်အဖော်မပါဘဲ ဘယ်တော့မှ လျှောက်မသွားပါနဲ့။

နေလောင်ဒဏ် မခံရအောင်---
* နေရောင်ခြည်ဒဏ် ကာကွယ်ပစ္စည်း (SPF) အနည်းဆုံး ၁၅-ဆ ပါဝင်တဲ့ နေလောင်ကာ ခရင်မ် (Sunblock) ကို လိမ်းပေးပါ။ တနာရီကြာတိုင်း တခါ လိမ်းပေးပါ။
* နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ကို ဆောင်းထားပါ၊ အင်္ကျီလက်ရှည် ၀တ်ပေးပါ။

ဒေါက်တာ နုမြတ်
( အာရောဂျံ မဂ္ဂဇင်း ၂၀၀၈-ဇန်န၀ါရီလ)

တောင်ကြီးမြို့

Featured Post 3

it[rjgtjrgtjogj[w5ouy[w5jyou5npnyu56jupgp63

Featured Post 4

arfajef;a ejf;aejr;aurfarj'aefnyer ;ajen rnurab4obn aekfj;lkphi5huqf[4u

Featured Post 5

ajr;ijajjkerutjrkfiekkekekekekekkekekekk;okewg k3'pxkr4'x wkef spirkg34pomokaprtkwptClick image for enlarge Case letters is sensitive. Make sure write correctly the label name 2. Setting Social Network and Links Feed Go to Design > Edit HTML and find this code below :
  • RSS
  • Featured Post 6

    There are several possible factors that cause an error Bx-xxxx: The code is directly copied, and Blogger did ‘t interpret it. Temporarily Blogger is not accepting templates with certain codes or gadgets. Possible solutions: Remove widgets or gadgets that come with the template downloaded. Clear your browser’s cookies. Trying to upload the template with a different browser (Opera, Firefox, Chrome). No copy and paste the code directly, upload the xml file. Wait 24 hours and try again.

    Featured Post 7

    Featured Post 8

    Labels

     
    Taunggyi Media © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

    You can add link or short description here